Wednesday, February 1, 2012

စိတ်ပျက်ညရဲ့ ဒုတိယ ရောဂါ


မနေ့က ကမ္ဘာပတ်ပြီး
တိတ်တိတ်လေး နေခဲ့တာပါပဲ
ဒါပေမဲ့ အခန်းကျဉ်းထဲမှာတွေးတောရင်း
ရင်ထဲမှာတော့ စစ်ပြိုင်ချီတက်တဲ့ သံစုံတီးလုံးတွေဖွဲ့လို့
တိုက်ပွဲခေါ်သံတွေ အမိန့်မနာခံတော့ပါဘူး
 

ခရီးဆက်လျှောက်ဖို့အတွက် နှုတ်ဆက်တော့
အားနာစရာလည်းကောင်းပါတယ်
မှတ်သားဖူးတဲ့ ကောက်ကြောင်း ကဗျာတစ်ကြောင်းကို
အထားအသိုမဲ့ အရွဲ့တိုက်လို့
စစ်သုံးပန်လုပ်မိတဲ့ သောကမီးကို
ရှောင်ခွာဖို့ ပြန်စဉ်းစားလေတိုင်း
အဲဒီသောကနဲ့ တစ်ကြိမ်ဆုံတိုင်းမှာ
ချစ်သူရဲ့ ပါးနုနုလေးကို နမ်းမိတယ်.....။

သို့သော်..........
အပေါ်ယံ မဖြူတော့တာလည်း
အတွင်းသိ အဆင်းရှိ သိပါရဲ့
ကိုယ့်ကိုကိုယ် ကိုယ့်အတ္တနဲ့
အရောင်တွေ ကာလာတွေ
အထပ်ထပ်ခြယ်သ လိမ်းကျံမိတာတော့
မိုက်မဲရာကျသလိုဖြစ်တာပေါ့.....။

ဒါပေမဲ့......
လှမ်းပြီးသား ခြေလှမ်းများ ကြမ်းကျွန်သွားတော့ နုတ်ဖို့ခက်သား
ဒါနဲ့ပဲ မထူးဇာတ်လမ်း ခင်းကျင်းလာတာ သမိုင်းဝင်ထူးဆန်းသွားတယ်
အနေကျလာတော့ လိမ်တက် ညာတက်
ချေးငှားတက်တာ အကြွေးတွေလည်း တက်နေပြီ
အမေကပြောဖူးတယ် စိုက်ပြီးသား စပါးမျိုးစေ့များကို
ထမင်းမလောက်လို့ ပြန်မကောက်မိစေနဲ့တဲ့
ငါမှာ ပျိုးကျဲမိတဲ့ အမှားတွေကို ကောက်သင်းကောက်သလို
ပြန်ကောက်ရင်း ဖျက်စီးနေပါရဲ့
ည ညနက် သန်းခေါင်ယံကျော်တိုင်း အိပ်ပျော်နေလျက်
လန့် လန့် နိုးနေတာ အဲဒါတကယ် ဆေးမစပ်တဲ့
စိတ်ပျက်ညရဲ့ ဒုတိယ ရောဂါပဲ..။

No comments:

Post a Comment