Wednesday, February 1, 2012

ချစ်သူထံသို့ အမှာ စကားပါး

ဒီနေ့တော့...
အတွေးခေါ်က ကာလာစုံ ကောင်းကင်တိမ်စိုင်တွေလို
မြို့ပြက ကာလာစုံ ရောင်စုံခြယ်သ ညအလှတွေက
အရွယ်စုံ လူစုံတွေကြား ဖြတ်သန်းစီးဆင်းကြတဲ့
တစ်မိုးတည်းအောက်က မြို့ပြနတ်ဘုံနတ်နန်းတွေနဲ့

သုခမြစ်ပြင်ပမာ ချုပ်စီး နှောင်ဖွဲ့ရင်း
ကုန်ဆုံး ပျက်ကွယ်သွားတဲ့ မြို့ပြစရိတ်တွေက
ငါ့ကို အပြစ်ပေးလိုက်တာ အခွန်တွေ တန်းစီးကောက်ခံလို့
ငါ့စရိတ်တွေ ကုန်ဆုံး ခေတ်ကို လိုက်မမှီသလိုဖြစ်ခဲ့ပေါ့..

မနက်ဖြန်....
ငါတွေ့ရမဲ့ ချစ်သူရဲ့အပြုံးတွေ ခါးသီးမိုးစက်တွေလို
ငါရင်မှာ စီးဆင်းနေရင်း ခံစားချက်ပြင်ပြင်းနဲ့
အမှောင်ညကို ဖြတ်သန်းခိုက် ငါ့အနီးနားက
ဓူဝံကြယ်ကို ဒူးနဲ့တိုက်ဖို့ သိပ္ပံဆရာက
ငါ့ကို နည်းပညာသစ်တစ်ခု သင်ကြားပေးလိုက်တယ်..

သို့သော်....
အဲဒီနေ့က ငါ့ဝန်းကျင်တစ်ခုလုံး
ညည်းလုံးတွေ မိုးဟိန်းလို့
ခြင်္သေမင်းတောင် တောခြောက်သလိုဖြစ်ခဲ့
ငါမှာတော့ စီးပွားပျက်ကိန်းဆိုက်သလို
ချစ်သူကလည်း လက်မခံတော့
ဝန်းကျင်ကလည်း မူးယစ်ဆေးသမားဖြစ်ကြ
အိမ်စောင့် ဟိုအကောင်တောင်
ခေတ်ကြီးကို ညည်းတွား
သို့သော် သခင်ချစ်တဲ့ သူ့ဆုတောင်းတစ်ခုက
"အိမ်ရှင်ရေ မနက်ဖြန် ချစ်သူနဲ့ လန်းစေသား" တဲ့..။

အဲဒီနေ့က...
ငါ့အတွေးအိမ်မှာ အချစ်စိတ်တွေ
ဖလန်း...ဖလန်း ထနေခဲ့တယ် မင်းကို ချစ်လွန်းလို့...။

နောက်တနေ့...
ငါစဉ်းစားခဲ့တဲ့ အတိတ်အတွေးပုံရိပ်က
ငါရင်ခွင်ကို နိုးကြားစေတဲ့အထိ
တုန်လှုပ်ခြောက်ခြားရင်း ငါ့ချစ်သူရှေ့
မှာတမ်းပါးလိုက်ချင်ရဲ့
"ချစ်သူရေ အခွင့်ထူးခံ ရာထူးပေးခဲ့ရင်
ကျေးလက်မှာ လက်ထက်ကာ
သက်ဆုံးတိုင် နှစ်ကိုယ်တူတွဲလို့ နေချင်ပါရဲ့"
မင်းရှေ့တော်မှောက် ငါရဲ့ အက္ခရာမဲ့နှလုံးသား စကားတွေ
ချစ်ခွင့်မတောင်းဆိုခင် ငါ ဆုခြွေခဲ့တယ်လေ......။

No comments:

Post a Comment