Wednesday, February 1, 2012

ကျောက်ဖြစ်ရုပ်ကြွင်းမိတ္တူများ

မြက်ခင်း သွေ့ခြောက်
လမ်းမမြောက်လည်း ချိုင်းထောက် ရွေ့လျား
နေ့များပြားလည်း ခရီးနွေမှာ …. ….. …..။
ကြေကွဲ စူးနစ်
မြစ်ရဲ့ပျံလမ်း ကမ်းပါး ငေးရီ
ရာသီသစ်လည်း ခရီကြမ္မာ ….. ….. ….. ….။
လမ်းချိုးတော့မည်
နော့သောလေစိမ်း ယိမ်း လှုပ် ညွှတ် ခါ
ကဗျာသည်လည်း ခရီးလင်္ကာ …. …. ….။

မောပြီလား မောင်
ကတိမရှိသော တော
မတည်ကြည်သော ချောင်း
ပေ သောင်းကျော်သော တောင်
မီးလောင် ဖုန်းဆိုး မြေ
အရည်ပြား သွေ့ခြောက်သော မနုဿများ
အလှ ပါးပါး ဘ၀ ခါးခါး
ချန်ထားရစ်လည်း ခရီးကမ္ဘာ …. …. ….။

No comments:

Post a Comment