Wednesday, February 8, 2012

အချစ်ဦး


အချစ်ဦး

ဖူးသစ် ပွင့်ဦး

အချစ်ဦးမို့..

မဆုံဖြစ်လည်း

ငုံအဖူးမကြွေ

ရင်မှာ စွဲလျှက်


သစ္စာနွယ်ဆက်

နင့်ကိုငါ ချစ်တယ်

သက်ဆုံးထိလေ..။ ။ 
 ည

  လန့်နိုးတဲ့ည
အမှောင်ထဲမှာ
လွင့်သွားတဲ့
အရိပ်တွေ ..

ရယ်သံ ခပ်ပါးပါး
တိမ်တွေကြား
အပြေးအလွှား..

ခပ်သုတ်သုတ်
ထွက်သွားခဲ့..

ကြွေကျသွားတဲ့
မိုးစက်တွေက..
ရင်ထဲမှာ ရွာ..

ဒါက..
နွေကို အေးစေတဲ့
နည်းတဲ့လား..

ဘာဖြစ်ဖြစ်..
ခဏကြာရင်
ထပ်လွင့်သွားဦးမှာပဲ..

တစ်ချိန်မှာတော့…
တစ်ဆောင်းသစ်ချိန်ရှိဦးမယ်..။ ။




အသံမဲ့...

အဲဒီနေ့က
ဝရန်တာလေးဆီ
မော့ကြည့်ခဲ့တဲ့
အကြည့်တစ်ချက်
ဒါဟာ..နောက်ဆုံးပေမယ့်
ငါရှိနေခဲ့တာ.. မင်း သိတယ်။

ခွဲမသွားပါနဲ့
အကြိမ်ကြိမ်
မင်းပြောခဲ့ပေမယ့်
ခွဲခွာခြင်းခြေလှမ်းကို
မင်းကိုယ်တိုင် စလှမ်း…
ငါလွမ်းနေတာ… မင်း သိတယ်။

အတူမက်ဖူးတဲ့
အိပ့်မက်တွေ..
အတူဆိုဖူးတဲ့
သီချင်းတွေ…
အတူရှိဖူးတဲ့
အချိန်တွေ…
မင်း မမေ့ပေမယ့်..
အရွေ့များနဲ့
ထပ်တူ မင်းအတွက် အသစ်ဖြစ်..
ငါ့ ရင်မှာဘာဖြစ်လဲ… မင်း သိတယ်။

မင်း အတွက်..
အရာရာမှာ..
အပြစ်မယူ..
မငြူစူခဲ့ဘူးတာ…
ငါ့ပျော်ရွှင်မှုဟာ ဘာလဲ… မင်း သိတယ်။

အချိန်တွေကြာရင်..
အခါခါတိုက်စား…
တကယ်ပဲ..
ခပ်ပါးပါးဖြစ်နိုင်ပါ့မလား…
………………………
ငါ…………. မင်း…….. သိတယ်။

No comments:

Post a Comment