Wednesday, February 8, 2012

သမင်လည်ပြန်


သမင်လည်ပြန်

အချစ်ဆိုတာ
နှုတ်ဖျားက စာလုံးပေါင်းမှ
 သိမှာတဲ့လား..
တကယ်ဆို..
နင် မျက်ဝန်းနဲ့
အချစ်ကို စာလုံးပေါင်းခဲ့တာ
ငါ.. နှလုံးသားနဲ့
ကြားခဲ့ဖူးတယ်။
အတူကောက်ဖူးတဲ့
 
ပန်းပွင့်လေးတွေ
မွှေးနေဆဲလား..
နင်မိုးပေးတဲ့
ထီးကလေးအောက်
တစ်ခေါက်ပြန်ရောက်ချင်လို့..
အချိန်ရထားနောက်
နင့်အချစ်တွေ
လိုက်မသွားဖို့ ဆုတောင်းရင်း
အရောက် ပြန်လာခဲ့ပါ့မယ်။

No comments:

Post a Comment