Wednesday, February 8, 2012

ခက်..လိုက်..တာ




ခက်..လိုက်..တာ


ချစ်သူ..
ငါဟာ မင်းကိုမချည်နှောင်ခဲ့ဘူးပါ
မင်းလည်း ငါ့ကို မချည်ခဲ့ဘူးပါ..
ဒါပေမယ့် ..
မချည်နှောင်ခြင်း ကြိုးစတွေ ..
တို့ နှစ်ဦးကြားမှာ လွင့်မြောနေပါပေါ့..
အို.. ရုန်းရခက်လိုက်တာ..။

ချစ်သူ..
မင်းလဲ ပျံသန်းမယ်
ငါလဲ ပျံသန်းမယ်နှုတ်ဆက်..
ထွက်ခဲ့ ပြီးကာမှ..
အရောင်တူ တိမ်တွေဆီ
လွင့်မျောမိသူချင်းမို့..
တိမ်တိုက်ရဲ့အဆုံးမှာ..
မင်း ဘွားကနဲ ပေါ်လာတယ်..
အို..မေ့ရခက်လိုက်တာ။

ချစ်သူ..
မင်းရင်ထဲက အကြောင်းရာတွေ..
ငါ့ ရင်ထဲက ပြောတာတွေ..
အသံမဲ့ .. ဒြပ်မဲ့…ဒါပေမယ့်
ရင်ဘတ်ချင်း ထပ်တူကျ
မင်းရော.. ငါပါ.. သိနေပြန်တယ်..
အို.. နားမလည်ချင် ဟန်ဆောင်ဖို့ ခက်လိုက်တာ။

ချစ်သူ..
အပေး အယူဆိုတာ
တူပေမယ့်…
မျှဖို့ ခက်သလား…
ချစ်ခြင်းမှာ..
ဟန်ဆောင်ခြင်း..
ကင်းဖို့ခက်သလား..
ကိုယ့်တံတိုင်း ကိုယ်ခြားဖို့..
မင်းရော တို့ပါ ကြိုးစားမိသလား..
ချစ်နေရက်သား..
ချစ်နေရဲ့လား… ဖြေပါဆို
အိုး…
မင်းရော ..ငါပါ..
ဖြေဖို့.. ခက်လိုက်တာ..။

No comments:

Post a Comment