Thursday, February 2, 2012

လွှမ်းမိုးသူ






ဆောင်းနှင်းတွေက
ထူပိန်းစွာ ကျလာပြီ
အာရုံမှာ ပေါ်နေတဲ့
ငါ့ အလွမ်းတွေကို မဖုံးလွှမ်းနိုင်ဘူး။

နေရောင်ခြည်က
လင်းလက်စွာ ဖြာဆင်းလာပြီ
အာရုံမှာ ပေါ်နေတဲ့
မင်းပုံရိပ်လောက် မလင်းလက်နိုင်ဘူး။

ညနေဆည်းဆာက
လှပစွာ ပုံဖော်နေပြီ
အာရုံမှာ ပေါ်နေတဲ့
မင်းမျက်နှာလောက် မလှပနိုင်ဘူး။

ဘယ်အရာများက
လှပသာယာ ဖော်ဆောင်နေလဲ
ငါ့ လွမ်းဆွတ်စိတ်
မင်းပုံရိပ်နှင့် လှုပ်ရှားမှုက
အရာရာတိုင်းကို စိုးမိုးပါပြီ။

No comments:

Post a Comment