Thursday, February 2, 2012

လေတံခွန်





ပစ်လွှတ်ချင်ခဲ့သော
ချစ်သ၀ဏ်လွှာ လေတံခွန်လေး
ကြာရှည်စွာ သိမ်းခဲ့ရ၏။

အချိန်ကျလို့ ပစ်လွှတ်လိုက်ရာ
မြတ်နိုးစွာ ချစ်ပါသည်
စာသားပါ လေတံခွန်လေး
ဝဲပျံကာ မင်းအနားဆီ။

မျက်တောင်မခတ်တမ်း
ငါ ကြည့်လို့နေပြီ
ဘယ်အချိန် ဖမ်းဆုပ်လေမလဲ
အချစ်လေတံခွန်ကို။

ယုံကြည်စွာ မင်းလက်ခံဖို့
အဝေးတစ်နေရာမှ
ငါ မျက်ဝန်းက မျက်တောင်မခတ်တမ်း
မင်း ပြန်ချစ်ဖို့အရေး ရင်မောစွာဖြင့်
မျှော်ကြည့်နေ၏။

No comments:

Post a Comment