Thursday, February 2, 2012

ရည်ရွယ်သူ


ဤဇမ္ဗူလောက တစ်ခွင်တွင်
သူသာလေ အလှဆုံးပေမို့
ချစ်လို့ကို မဆုံးနိုင်ပါ့။

မြင်တွေ့သည့် အရာမှန်သမျှ
သူ့ကိုလေ မကျော်နိုင်ပြီမို့
မြတ်နိုးလို့ မဆုံးနိုင်ပါ့။

ကိုယ့်ချစ်သူ ရည်းစားပေမို့
မြှောက်စားကာ ပြောလေသည်ဟု
ဆိုလိုလျှင် ဆိုပါစေတော့
မြတ်နိုးစွာ အသည်းနင့်အောင်
ရည်မှန်းကာ ချစ်ရသူမို့
သက်ဆုံးတိုင် ချစ်ချင်ပါ၏။

No comments:

Post a Comment