Saturday, February 11, 2012


                                     မိစ္ဆာ


Questioner: တစ်ချို့လူတွေ ပြောကြတယ် ~ “ပြေးလွှား လျောက်သွား နေကြတဲ့ မိစ္ဆာကောင်တွေ ရှိတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ အထင်အမြင်၊ စိတ်နှလုံး အတိုင်းသာ ဖြစ်ပါတယ်” တဲ့ ။ အဲ့စကားကို မှန်တယ်လို့ ထင်ပါသလား။
Answer: မိစ္ဆာကောင် ( Devil ) ဆိုတာ မရှိဘူးဗျ။ ဘာလို့ဆို ဘုရားသခင် ဆိုတာ မရှိလို့ပဲ၊ ဘုရားသခင် မရှိတဲ့ အတွက် မိစ္ဆာကောင် ဆိုတာ လည်း မရှိဘူး။ ဒီကောင်တွေဟာ ~ ခင်ဗျား သတ်မှတ်ထားတဲ့ ဘုရားသခင် ( God ) ဆိုတာရဲ့ အရိပ်မှန်ထိုးတွေသာ ဖြစ်ပါတယ်။ သူတို့ဟာ ဘုရားသခင် ( God ) မရှိဘဲ မရပ်တည်နိုင်၊ မရှိနိုင်ဘူး။
ကောင်းကင်ဘုံ ၊ မြင့်မြတ်ခြင်း ( Divine ) နဲ့ မိစ္ဆာကောင် ( Devil ) ~  ဒီစကားလုံး နှစ်လုံးရဲ့ ရင်းမြစ်ဟာ အတူတူပဲ ဆိုရင် ခင်ဗျား အံ့ဩသွား မလား။ စင်စစ် ဒီ ဝေါဟာရ နှစ်ခုစလုံး ဟာ သဿင်္ကရိုက် မှာ အခြေခံတယ်။ ကောင်းကင်ဘုံ၊ မြင့်မြတ်မှု ကို ဒီဘာသာမှာ ~ ဒေဝ ( Deva ) လို့ ခေါ်ပါတယ်။ ဒီ “ဒေဝ ( Deva )” ကနေ “Divine”  နဲ့ “Devil” ဆင်းသက်လာတယ်။ ဒါ့ကြောင့် မိစ္ဆာကောင် ( Devil ) နဲ့ ဘုရားသခင် ( God ) ဟာ ဒင်္ဂါးပြား တစ်ပြားတည်း ရဲ့ ခေါင်းနဲ့ပန်းသာ ဖြစ်ပါတယ်။


စင်စစ် God လည်း မရှိဘူး။ Devil လည်း မရှိဘူး။ ခင်ဗျား သာ ဒီနေရာမှာ ရှိနေတယ်။ အိပ်ပျော်နေမလား ~ နိုးနေမလား ဒါပဲကွာတယ်။ ခင်ဗျား အိပ်ပျော်နေရင် ခင်ဗျား ဘဝဟာ ဒုက္ခ တွေ ၊ နာကျင် ကိုက်ခဲနေရတာတွေနဲ့ အဓိပ္ပာယ်မဲ့ ဖြစ်နေရမယ်။ ခင်ဗျား နိုးနေရင်တော့ အဲ့ဒီ ကပ် ရောဂါ မှန်သမျှ ပျောက်ကွယ် သွားပါတယ်။ အဲ့ဒီ ခဏမှာ ခင်ဗျား ဘေးပတ်ပတ်လည် နဲ့ ခင်ဗျား ကိုယ်တိုင်ဟာ ချမ်းမြေ့မှု အတိ ရှိနေကြောင်း၊ တိတ်ဆိတ် အေးချမ်းနေ ကြောင်း၊ လေးနက် ကြည်လင် နေ ကြောင်း ပထမဆုံး အကြိမ် သိလိုက်ရပါလိမ့်မယ်။

ဒါကို ခင်ဗျား ထိတွေ့ကြည့်ချင်တယ် သိချင်တယ် ဆိုရင် ~ လုပ်ဖို့ လိုတာတွေက အများကြီး မဟုတ်ဘူးရယ်။ ခင်ဗျားရဲ့ အနုမာန မှန်းဆချက်တွေကို ဘေးဖယ်ချ ပစ်လိုက်ဖို့ပဲ။ ခင်ဗျား အနေနဲ့ ဘုရားသခင် ကိုးကွယ်ရာ ဝါဒီ တစ်ခုခု၊ အဖွဲ့ဝင် ဖြစ်နေဖို့ မလိုအပ်နေဘူး။ ကွန်မြူနစ် ဝါဒီ ဖြစ်နေဖို့လည်း မလိုအပ် နေဘူး။ အဲ့ဒီ ဝါဒီ၊ ဝါဒ ၊ အယူအစွဲ အနုမာနတွေ ကို ဘေးခဏ ဖယ်ထားကြည့် ဖို့ပဲ လိုအပ်တယ် ။ ဒီခဏလေးပါပဲ။ ကျနော် ပြောတာ အမြဲ ဖယ်ချနေရမယ် လို့ ပြောတာ မဟုတ်ဘူး။ ဒီခဏလေးပဲ ရယ်။

ဒီခဏလေး ပဲ လိုပါတယ်လို့ ကျနော် ပြောရခြင်းဟာ အကြောင်း ရှိပါတယ်။ ဒီ တစ် ခဏလေး လောက်သာ  ဘေးဖယ်ချ ထားနိုင်ရင် ~ နောင်လည်း ခင်ဗျား ဆက်ပြီး ဖယ်ချပြီး ဖြစ်နေမှာ မိုလို့ပဲ။

Questioner: ခင်ဗျား ဘာလို့ ဒီလို ပြောရသလဲ။

Answer:  ဘာလို့ဆို ~ ခင်ဗျား ဒီအတွေ့အကြုံကို တစ်ကြိမ်တစ်ခါ သိရှိမိရင် ~ ခင်ဗျား ကိုယ်တိုင်က ဆက်ပြီး လုံးဝ ပြောင်းလဲသွားမှာ မို့လို့။ ဒါ့ကြောင့် အဲ့ဒီ အခါမှာ ခင်ဗျား အနေနဲ့ ဆိုင်ရာ ဘာသာရေး ဘုရားကျောင်း သွားဖို့ လိုအပ်မနေဘူးရယ် ။ ဒီ တစ်လောကလုံး ~ ခင်ဗျား ဖြစ်တည်နေတာ အားလုံးဟာ ဘုရားကျောင်း ဖြစ်ပါတယ်။ ဆိုင်ရာ ကျမ်းစာ တစ်ခုခု ကို ခင်ဗျား ကျိတ်မှိတ် ဖတ်ရှု နေဖို့ မလိုအပ်တော့ဘူးရယ်၊ ကျေးငှက်တွေရဲ့ တေးသံ၊ ပန်းတွေရဲ့ ရနံ့၊ စီးဆင်းနေတဲ့ ရေစီးသံ ဒါတွေ အကုန်လုံးဟာ ခင်ဗျား လိုအပ်နေတဲ့ တရားသံတွေကို ပေးနိုင်လာမယ်။ သူတို့ အသက်ဝင် နေပါလိမ့်မယ်။ စာအုပ်ထဲ ပုံနှိပ်ထားတဲ့ စကားလုံး အသေတွေ မဟုတ်ဘူး ရယ်။ သူတို့ဟာ ခင်ဗျား အခု အသက်ရှင်နေသလို ရှင်သန်နေတယ်။ ခင်ဗျား ပတ်လည်က ရှင်သန်နေတဲ့ အဲ့ဒီ အရာတွေနဲ့ ထပ်တူ ခင်ဗျား ရဲ့ နှလုံးသားဟာလည်း စတင်ပြီး ကခုန်မြူးထူး လာပါလိမ့်မယ်။ အဲ့ဒါ အတွက် ခင်ဗျား ဘုရားသခင် လိုအပ်နေပါသေးသလား။ ဘာသာအယူဝါဒီ တွေ လိုအပ်နေပါသေးသလား။ ခင်ဗျားရဲ့ ငြိမ်ဆိတ်သွားတဲ့ သန္တာန်ဟာ ဂိုဏ်းဂဏ တွေရဲ့ အနုမာန စကားရပ်တွေနဲ့ ခိုကပ် ကြောက်လန့်နေ ဦးမှာတဲ့လား။

No comments:

Post a Comment