Monday, February 13, 2012

ငါယုံကြည်သော ချစ်ခြင်းတရား 

ဘယ်လောက်ထိချစ်လဲလို့
ဘယ်တော့မှ မမေးချင်ခဲ့သူ ငါ …
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်
မင်းမျက်နှာ တစ်ကမ္ဘာထင်ခဲ့သူပါ …
ဘယ်လောက်ထိ မြတ်နိုးသလဲလို့
ဘယ်တော့မှ မသိချင်ခဲ့သူငါ …
သတိရတယ်ဆိုတဲ့ message လေးနဲ့တင်

ကျေနပ်ရောင့်ရဲတတ်သူပါ ….
ဘယ်တော့ထားသွားဦးမှာလဲလို့
ဘယ်တော့မှ မတွေးတတ်သူငါ
မင်းပေးခဲ့ဖူးတဲ့ အကြင်နာနဲ့တင်
ရင်ခွင်တစ်စုံမှာ ပျော်မွေ့ခဲ့သူပါ …
ချစ်သူရယ်
မင်းချစ်ခြင်းတွေကို ရရှိခြင်းအတွက်
လောကကို ကျေးဇူးတင်တတ်ခဲ့သူ ငါ
လွဲချော်မှုတစုံတရာအတွက်
ကံကြမ္မာကိုလဲ အပြစ်ဆိုမှာမဟုတ်ပါ …
ဘယ်လိုပဲဖြစ်ဖြစ်
ချစ်ခွင့်ရဖူးတဲ့နေ့တွေအတွက်
ချစ်ခြင်းရဲ့လက်ဆောင်တစ်ခုကို
ဘယ်သူမှမသိအောင် ငါ မြတ်နိုးသွားမှာပါ ..

No comments:

Post a Comment