Monday, February 13, 2012

အဖြူရောင်ထဲက ချစ်ခြင်းတရား

မရေရာတဲ့
အတွေးတွေအောက်မှာ
စိတ်တွေက
ဂယောက်ဂယက်နဲ့
သတ်မှတ်ချက်တစ်ခုအရ
အစမှမဆုံး
မင်းကိုမမုန်းနိုင်တဲ့သူ
ယူစေချင်ပေမယ့်
မမြင်ယောင်ဆောင်နေတော့လဲ
 
ရှေ့မျက်နှာနောက်ထား
မင်းအနားမှာအမြဲ
မခွဲဘဲနေချင်သူ
မာယာမသုံး
ပကတိအပြုံးနဲ့
မင်းကိုအမြဲပျော်စေချင်သူ
ဒီလိုလူတစ်ယောက်ကို
သတိမထား
မင်းမေ့များမေ့နေပြီလားလို့
တစ်တစ်ခါခါလည်းတွေးမိပါတယ်
ရင်တွေလည်းမောမိပါတယ်
ဖွင့်ပြောမရတဲ့
အဖြူရောင် ဘ၀ကိုတွေးရင်း
မကျေမနပ်နဲ့
မင်းကိုတွေ့ရင်
အမြဲအနေခက်ခဲ့သူပါ။......။

No comments:

Post a Comment