Monday, February 13, 2012

ပြန်မဆုံ ဖြစ်ကြရင် ....
 
ကောင်မလေးရယ် . . .
ရိုးသားတဲ့ သံယောဇဉ်တွေ အပေါ်
ဆေးရောင်စုံ အုံ့မိုးခဲ့မိတဲ့
မသိစိတ်ထဲက ချစ်ခြင်းတချို့ကို
ငါ . . . ဘယ်လို ရုပ်သိမ်းရမလဲ ...

မှားမှန်းသိရက်နဲ့ ရှေ့ဆက်တိုး
နောက်ဆုံးရောက်မယ့် ပန်းတိုင်က
နှလုံးသားကို ကြေကွဲစွာ
အရှုံးနဲ့ ဇာတ်သိမ်းမယ့်
ငါ့ရဲ့ ခရီး . . . ဘယ်ဆီလွင့်မျောရမလဲ ...

ပိုင်ဆိုင်ခွင့် မရပေမယ့်
အဝေးတစ်နေရာက တမ်းတ
ပူလောင်တဲ့ အမုန်းလှိုင်းတွေ
နာကျည်းစွာ မရောက်လာခင်
ပြန်မဆုံနိုင်ပေမယ့် နောင်နှစ်တွေတိုင်
နှုတ်ဆက်ခဲ့ပါတယ် . .

No comments:

Post a Comment