Monday, February 13, 2012

ချစ်သူ ... မက်မောတဲ့ ငွေမျက်နှာ
 
ချစ်သူရဲ့ ကြင်နာမှုတွေ
ခပ်ဝေးဝေး မရောက်ခင်ကတည်းက
ကြိုပြီး သိနှင့်နေတဲ့
နှလုံးသား အလယ်ဗဟိုရဲ့
အတွင်းသား အပိုင်းအစတချို့
တိတ်တဆိတ် လောင်ကျွမ်းနေခဲ့တာပါ …

ပေါ့ပျက်ပျက် အချစ်လှိုင်းတွေ
ကြွေလွင့်လာချိန်မှာတော့
လူမသိ သူမသိ … မျက်ဝန်းတိမ်တိုက်တွေ
တစိမ့်စိမ့် မိုးလို ရွာသွန်းနေမိတာ
ရက်စက်စွာ ချန်ထားခဲ့တဲ့
နောက်ဆုံး နေ၀င်ချိန်အထိပေါ့

ဘ၀ရဲ့ ဒီရေ အတက်အကျတွေထဲ
လူတွေ မက်မောကြတဲ့
အရောင်တလက်လက် ငွေမျက်နှာနောက်
မငြင်းဆန်ဘဲ အကြင်နာမဲ့စွာ
စီးဆင်းသွားခဲ့တဲ့ … ချစ်ရသူရယ် …
လျှောက်လှမ်းမယ့် အနာဂတ် ပျော်ရွင်ပါစေကွယ် … ။

No comments:

Post a Comment