Thursday, February 2, 2012

အိပ်မက်မဟုတ်ဘူး


သူမကို ချစ်တယ်လို့
ဆိုလိုက်တော့
တလောကလုံးက ရောင်စုံပန်းတွေ
ပွင့်ကုန်တယ်။

သူမက ရှက်လွန်းလို့
ခေါင်းငုံလိုက်တော့
ပွင့်လာတဲ့ ရောင်စုံပန်းတွေ
ပြုံးကုန်တယ်။

အချစ်စစ်နဲ့ ချစ်တာမို့
ပြန်ချစ်ပါ ဆိုလိုက်တော့
ပြုံးနေတဲ့ ပန်းလေးတွေ
ခေါင်းငုံသွားတယ်။

ပူပြင်းတောက်လောင်နေတဲ့
နေမင်းကြီးတောင်
ပြုံးပြုံးကြီး ကြည့်လာတယ်။

အချိန်အခါမဟုတ်
ဖြူစင်တဲ့ ဆီးနှင်းတွေ
ဖြာဆင်းလာတယ်။
အေးမြတဲ့ လေနုအေးတွေ
တိုက်ခတ်လာတယ်။

တလောကလုံး
ကြည်လင်ပြီး သာယာလာတယ်။

ဒီအချိန်မှာ
သူမအနားမှာ ကျွန်တော် ရှိနေတယ်။
ဒါဆို အိပ်မက်မဟုတ်ဘူးပေါ့။

No comments:

Post a Comment