Thursday, February 2, 2012

ရတနာသူ


တန်ဖိုးကြီးတဲ့ စကားမို့
တန်ဖိုးထားကာ ပြောမိတယ်
သက်ဆုံးတိုင် ချစ်ပါ၏။

ပန်းတစ်ပွင့်လို လှတဲ့သူမို့
ယုယစွာ ပြောမိတယ်
နူးညံ့စွာ ချစ်ပါ၏။

သိမ့်မွေ့စွာ ယဉ်တဲ့သူမို့
မြတ်နိုးစွာ ပြောမိတယ်
ရင်သိမ့်တုန် ချစ်ပါ၏။

ငါစိတ်မှာ တန်ဖိုးမြှင့်
အလေးထား မြတ်နိုးမိလို့
လေးနက်စွာ ချစ်ပါ၏။

No comments:

Post a Comment