Wednesday, February 1, 2012

သူ


သံခွာတချက်ပေါက်ရင်
တပြည်လုံးမီးဟုန်းဟုန်း
တောက်စေရမယ်။
သူဟာ နူးညံ့ခြင်းလည်း ဖြစ်တယ်
စူးရှခြင်းလည်း ဖြစ်တယ်။
သူဟာ ကဗျာလည်းဖြစ်တယ်
နိုင်ငံရေးလည်း ဖြစ်တယ်။

သူဟာ လိပ်ပြာလည်းဖြစ်တယ်
လင်းယုန်လည်း ဖြစ်တယ်။
သူဟာ စိန်ပွင့်လည်းဖြစ်တယ်
မီးပွားလည်း ဖြစ်တယ်။
သူဟာ အလံလည်း ဖြစ်တယ်
လှံလည်း ဖြစ်တယ်။
သူဟာ လူတယောက်လည်းဖြစ်တယ်
သမိုင်းတခုလည်း ဖြစ်တယ်။
သူ
ဘယ်သူလဲ
အမြဲစိမ်း အမြဲဟိန်းတဲ့
“သခင်ဗဟိန်း”
“ကိုဗဟိန်း”

No comments:

Post a Comment