Wednesday, February 1, 2012

င၀န်ချောင်းဖျားမှာ ကပ်ကြီးဘေးကြီးဆိုက်တဲ့ခါ

တို့မိ တို့ဖများ၊ ပြောသံကြားရ
ကပ်ကြီးဘေးကြီးဆိုက်ခဲ့ရ
မိုက်တဲ့ညတွေ ကြုံတဲ့အခါ။
င၀န်ချောင်းဖျားမှာ
ကပ်ကြီးဘေးကြီးဆိုက်တဲ့အခါ
အရပ်လေးမျက်နှာ
မှုန်မှိုင်းပြာရီ
မုန်တိုင်းရာသီလို

အမိတွေ ငို
ကလေးတွေ ငို
တို့အစ်ကို တို့အဖတွေသတ်ခံရ
စစ်ဆင်ရေးတဲ့ ကြမ်းတဲ့ည
ကမ်းရိုးတန်းလုံး မီးလောင်ဖုံး။
လုံးချေပြီးပစ်ခံရတဲ့ စက္ကူစုတ်များလို
ရွာတွေလည်း ပွစာကြဲ
သိက္ခာတကွဲ၊ လူတကွဲ
ကောက်ပင်တွေလဲ၊ ပိုက်တွေပြဲ
စစ်မုန်တိုင်းကြီး သဲလေရာ
စစ်ဖိနပ်ရာ၊ ခြေရာတွေလည်း
အနှံ့အပြား၊ များ စား မား။
တ၀ပင်ပန်းတယ်။
လမ်းမယူတဲ့နေ့၊ လမ်းမရှိတဲ့ညတွေ
မကြုံဘူးရ။
အိုဖြူတို့ရွာ၊ ပြာကျသွားတယ်။
နောင်မဲတို့ရွာ
ဘာမကျန်ရ
လုယက်သယ်ဆောင်ကြလေပြီး။
ချောင်းဖျားမှာ
မိသားတစုကိုတွေ့တယ်။
ငါက ဘယ်သွားမှာလဲလို့ မေးတဲ့အခါ
ဘယ်မှာ အခြေချရ ဘာလိမ့်တဲ့
ဖောင်တစီးနဲ့ ဆက်မျှောသွားရဲ့
ကြွေခဲ့တဲ့သစ်ရွက်များလို။
သူတို့ကို
ထမင်းစားပြီးပြီလားလို့
ငါ မမေးလိုရလေ။
ဖောင်ပေါ်မှာ တူးလာတဲ့
ကြွေဥ၊ ပိန်းဥ၊ ဒေးငယ်
သားဂန်းကို အမိရိုက်တယ်
ဗိုက်ဆာတဲ့ ငိုသံကြောင့်
တောထောင့်တိုင်းမှာ ပဲ့တင်ပြန်။

No comments:

Post a Comment