Wednesday, February 1, 2012

နရာရွေ့သော ပစ်မှတ်


ငယ်စဉ်ဘဝ
သေနတ်မြင်ရ စိတ်တက်ကြွကာ
တိုင်းပြည်အတွက် အသက်ကိုပေး
စစ်ရေးကိုငယ် တိုက်ပွဲဝင်ခဲ့။
ရှစ်ဆယ့်ရှစ်ရဲ့
တမနက်မှာ
ငါကိုင်တဲ့ လက်နက်
ပြည်သူအတွက်မဟုတ်တာ သိခဲ့ရတယ်။
ပြည်သူ့အသက်ကို

ချွေဘို့သာသိသူ
အာဏာယူထား
မုသားဥာဏ်ဆင်
အာဏာရှင်အကြိုက်
ငါမလိုက်တော့။
ခုအချိန်တွင်
တိမ်ဖုံးတဲ့ အမြင်
ကြည့်လင်လာခဲ့
ငါ့ရဲ့ စစ်အတတ်
သူတို့ဘက်က မရပ်တည်တော့။
ဟိုတချိန်မှ
အာဏာပေးသူဘက်ဆီ
ငါ့ရဲ့ သေနတ်ပြောင်းလှည့်ပြီ
ပြည်သူ့ရဲ့သား
ငါစစ်သား
ခုများမှဖြစ်
အားသစ်နဲ့မာန်
ဇွဲသန်သန်နဲ့
ရန်စွယ်ခလုပ်
အမြစ်ပြုတ်အောင်
ငါစွမ်းဆောင်မည်
“မြန်ပြည်သူတို့ သိပါစေ” ။
(ကဗျာရှင်သည် မဆလ စစ်သားဘဝမှ ABSDF ကျောင်းသားတပ်မတော်သို့ ကူးပြောင်းလာခဲ့သူ ဖြစ်ပြီး ၂၂၊၃၊၉၀ နေ့ ရေးမြို့တိုက်ပွဲတွင် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့သည်။ သူ မကျဆုံးမီက ရေးသားပေးပို့ခဲ့သော ကဗျာကို ဖေါ်ပြခြင်းဖြင့် ချင်းပြည်နယ် ဘလော့ စာစောင်မှ သူ့အား ဂုတ်ပြုလိုက်ပါသည်။)

No comments:

Post a Comment