Wednesday, February 1, 2012

ရင်ဆိုင်ခြင်း

စိတ်ညစ်ခြင်းဆိုတာ
ဘ၀မှာ ရင်းနှီးကျွမ်းဝင်တဲ့
အဖော်တဦးဖြစ်နေ။
နှလုံးသားမှာ
ထိခိုက်နာကျင်မှုနဲ့

အရသာမဲ့နေခဲ့တာ
နှစ်ပေါင်းများစွာကြာခဲ့ပြီကောကွယ်။
(၂၀) နှစ်တဲ့……..
တို့မြေမှာ
ကြိုးချည်ထားတဲ့လူတယောက်နဲ့
ကြိုးဖြည်ထားတဲ့လူတယောက်ဟာ
အတူတူပါပဲ။
ဘယ်အချိန်ထိများ
ဒီခရီးကြမ်းကိုသွားနေရဦးမှာလဲ။
မောင်ရေ….
ဒီလိုနဲ့ပဲ
မိုးကောင်းကင်ထဲ
သွေးခဲတွေပြည့်လာရဲ့။    ။
(ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရသော နိုင်ငံရေးအကျဉ်းသားများအား ဦးညွှတ်ပါသည်။)

No comments:

Post a Comment