Tuesday, February 14, 2012

အမေ...










အမေ...
အမေဆိုတဲ့ အရာကို တမ်းတပြီး တစ်ခါမှ မရေးဖူးဘူးနော်... ဒါပေမယ့် ခလုတ်ထိလို့ အမိတ တာ မဟုတ်ပါဘူး အမေ... အမေ့ကို တမ်းတပြီး ရင်ထဲက ခံစားချက်ကို ဖွင့်ထုတ်လိုက်တာပါ...။ ရိုးသားတဲ့ အမေဆိုတော့ အင်တာနက်လည်း မသုံးတတ်တာမို့ ဒီ ပို့စ်ကို အမေလည်း မဖတ်ဖြစ်လောက်ဖူးလို့ သားထင်ပါတယ်… မဖတ်ဖြစ်ပေမယ့်လည်း အမြဲတမ်း သားကို အရိပ် တကြည့်ကြည့် နေတတ်တဲ့ အမေမို့လို့ သားရဲ့ ခံစားချက်တွေ အားလုံးနီးပါးကို အမေရိပ်မိတယ်ဆိုတာ 


သားသိပါတယ်...





ဒီနေ့ည သား အွန်လိုင်းတက်ပြီး မပေါ်လာမှန်း သိရက်နဲ့ သား ပန်းတစ်ပွင့်ကို နောက်ဆုံးအနေနဲ့ စောင့်မျှော်ပါတယ်အမေ... ဒါပေမယ့် သူထွက်ပေါ် မလာခဲ့ပါဘူး အမေ…။ သားမရှိတဲ့နေရာမှာ သူပျော်ရွှင်နေမယ် ထင်ပါတယ်…။ အမေ သိမှာပါ... သားဘဝမှာ ရင်ထဲကနေ ပေါက်ဖွားလာတဲ့ စကားနဲ့ ပထမဦးဆုံး အမေ့ကို ပြောဖြစ်ခဲ့တဲ့ ပန်းတစ်ပွင့်ဆိုတဲ့ မိန်းကလေး အကြောင်းကိုလေ... သားရဲ့ ရင်ထဲက အ
ချစ်ကို အမေ ရိပ်မိသလို သားခံစား နေရတဲ့ အချိန်မှာလည်း သား ရင်ထဲက ခံစားမှုကို အမေရိပ်မိပြီး ပန်းတပွင့် အကြောင်း စကားတောင် မဟခဲ့ပဲ မသိချင်ယောင် ဆောင်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။






သားလား… ဟုတ်တယ် အမေ… သား သူ့ကို သုံးနှစ်ကျော် လေးနှစ်နီးပါး ကြာအောင် သားလွမ်းဆွတ်ခဲ့ဖူး ပါတယ်အမေ… လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကဆိုရင် ခြောက်လလောက်ကြာအောင် အလူးအလိမ့်ပေါ့…။ သားရဲ့ ရင်ခွင် တည်ငြိမ်လာပြီလို့ သားထင်မှတ်ယူခဲ့တဲ့အတွက် သားချစ်တဲ့သူတွေနဲ့ ဝေးတဲ့အရပ်ကို သားဒုတိယ အကြိမ် ပြန်ထွက်လာခဲ့တယ်လေ…။ ဟုတ်ပါတယ်… သားရင်ခွင် တည်ငြိမ်လာခဲ့ပါတယ်… အဲဒါနဲ့ အပြိုင်ပဲ သားအဝေးကို ရောက်နေတဲ့ အချိန်မှာ သားသိလိုက်ရတာ တစ်ခုက သားရဲ့ ဘယ်ဘက် ရင်ဘတ်ထဲက တစ်ခါ တစ်ရံမှာ အောင့်လာတတ်တယ်…။ တစ်ခါတစ်လေ အဲဒီရောဂါ ခံစားရရင် သားမျက်ရည်တောင် ဝဲမိတဲ့အထိပဲ။ သား စိတ်တည်ငြိမ်မှု ရလာပေမယ့် သားနှလုံးသား ဒဏ်ရာရခဲ့တာလား အမေ….။ အဲဒီလိုတော့ မဖြစ်ချင်ပါဘူး။ ဒါပေမယ့် အဲဒီရောဂါ ခံစားလာရတယ်ဆိုတာ သားတနေ့ထက် တစ်နေ့ ပိုသိလာတယ် အမေ…။ သား ဆေးခန်းလည်း မပြချင်ဘူး….။ မဟုတ်ရင် တော်သေးတယ်… တစ်ကယ်လို့ အဲဒါဟာ ရောဂါတစ်ခု တစ်ကယ် ဖြစ်ခဲ့မယ်ဆိုရင် သားကိုယ်တိုင် ခံစားရတာထက် အမေ စိတ်ဆင်းရဲမှာကို သားမမြင်ချင်ပါဘူးနော်…. ငယ်ငယ်ကတည်းက ချူချာတဲ့သူမို့ နေမကောင်းဖြစ်တိုင်း သားကိုယ်တိုင်ထက် အမေပင်ပန်း စိတ်ဆင်းရဲတာ သားသိပါတယ်….။ တစ်ခါ တစ်လေ မဆင်မခြင် ဇွတ်လုပ်တတ်လို့ ဒဏ်ရာရတိုင်း "သားကိုယ်သား မသနားရင်နေပါ သားရယ်… အမေ့ကိုတော့ သနားပါ" ဆိုတဲ့ အမေ့စကားသံကို သားကြားယောင်မိတော့ သား ဝေဒနာကို သားမစစ်ဆေးချင်တော့ဘူး အမေ..။








အခုအချိန်မှာ သားခံစားရလည်း သူ့အတွက် အမှန်တကယ် မျက်ရည် မကျတော့ပါဘူး…. ဒါပေမယ့် ဒီနေ့လည်း သားရင်ဘတ် ဘယ်ဘက် အခြမ်းက ပြန်အောင့်လာပြန်ပြီ အမေ…. ပန်းတစ်ပွင့်အတွက် ကျဖို့ မျက်ရည် မရှိတော့လို့ သားနှလုံးသားကနေ မျက်ရည်ကျတာလားမှ မသိတာနော်…. ပတ်ဝန်းကျင်မှာတော့ သားကို အမြဲတန်း နောက်ပြောင် ပျော်ရွှင်နေသူလို့ မြင်ကြမှာပေါ့နော်…. ဒါပေမယ့် သားရဲ့ခံစားချက်ကို အမေကလွဲလို့ ဘယ်သူ ရိပ်မိမှာလည်းနော်…။ တစ်ကယ့်ကို သားမှာ ရင်ဘတ်ထဲက အောင့်တာဟာ ရောဂါမို့ သားတစ်ရက်ပဲ အသက်ရှင်သန် နေထိုင်ရမယ် ဆိုရင်တောင် ချစ်တဲ့သူတွေ အနားမှာ တစ်ယောက်မှ မရှိတဲ့ဘဝမှာ သားပျော်ရွှင်စွာ နေထိုင်သွားမှာပါ…။ သားဝေဒနာ ခံစားနေရလည်း သားအမြဲတမ်း အပြုံးလေးနဲ့ ရင်ဆိုင်သွားမှာပါ…။ တစ်ကယ်လို့ မိသားစုဆိုတဲ့ ဘဝလေးကို ပြန်ဆုံခွင့် ရှိမယ်ဆိုရင် အရင်တစ်ကြိမ်လိုပဲ သား ပြန်ဆုံချင်ပါသေးတယ်

No comments:

Post a Comment