Tuesday, February 14, 2012

ကောင်မလေးသို့....


ကောင်မလေးရေ... ဒီနေ့ညလည်း မင်းလေး Online ကိုရောက်လာမလားဆိုပြီး ကိုယ် မျှော်နေမိသေးတရ်... ဟိုး… အရင်နေ့တွေလို ပါပဲ... မင်းလေးကတော့ Online မှာ မရှိပြန်ဘူးလေ... ကိုယ်တစ်ယောက်ထဲ Online မှာ မင်းလေးကိုစောင့်မျှော်နေတာ ရက်ပေါင်း မနည်းတော့ဘူး... ဒါပေမယ့် မင်းလေးကတော့ Online 


ကိုရောက်မလာခဲ့ဘူးနော် ကောင်မလေးရာ...
ကောင်မလေးရေ… မနက်ဖြန်ဆိုရင် ကိုယ်ဟာ ကိုယ့်ဘ၀ရဲ့ အနာဂတ်ကို ရှာဖွေဖို့အတွက် ဟိုး…အဝေး တစ်နေရာကို သွားရတော့မယ်… ကိုယ် အဝေးတစ်နေရာကို ထွက်မသွားခင် မင်းလေးနဲ့ စကားတွေ အများကြီး ပြောချင်လိုက်တာ ကောင်မလေးရာ… ကိုယ်ကပဲ လွဲချော်နေတာလား… မင်းလေးကပဲ ရှောင်ပုန်းနေတာလားတော့ မသိဘူးနော်… ခုရက်တွေမှာ မင်းလေးကို Online မှာ မတွေ့ဖြစ်တာကြာပြီနော်… ဟို... အရင် ညတွေမှာလည်း ကိုယ်တစ်ယောက်ထဲ မင်းလေးကို Online မှာ စောင့်မျှော်ရင်း မိုးလင်းခဲ့ရတဲ့ ညတွေ မနည်းတော့ပါဘူး ကောင်မလေးရာ… မင်းလေးနဲ့ Online မှာတွေ့ရင် ပြောရမယ့် စကားလုံးတွေမှ ရင်ထဲမှာ ပြည့်သိပ်မွန်းကြပ်နေတာပဲ ကောင်မလေးရေ… ကိုယ်ဟာ ကိုယ့်ရင်ထဲက ခံစားချက်တွေကို ဖွင့်ဟမပြောရဲတဲ့သူ တစ်ယောက်လေ…
ကောင်မလေးရေ… ကိုယ်ဟာ ကိုယ့်ရဲ့အနာဂတ်ကို ချောမွေ့ကောင်းမွန်စွာ ရှာဖွေပြီး ပြန်လာတဲ့တစ်နေ့ကျရင် ကိုယ့်ရင်ထဲမှာ မင်းလေးကို မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေကို မင်းလေးနဲ့ မျက်နှာချင်းဆိုင်ကြည့်ပြီး ရဲရဲကြီး ဖွင့်ပြောလိုက်ချင်ပါရဲ့… ဒီနေ့ညမှာပဲ အချိန်တွေကလည်း အကုန်မြန်လိုက်တာ… မင်းလေးကလည်း Online ကိုရောက်မလာ… ဟော… ပြောရင်းဆိုရင်းနဲ့ ဟိုး… အဝေးမိုးကောင်းကင်မှာ ရောင်နီတောင် သမ်းတော့မယ် ကောင်မလေးရေ… ခုချိန်အထိ မင်းလေး Online ကို ရောက်မလာခဲ့ဘူးနော်… မကြာခင် ကိုယ်ဒီမြို့လေးနဲ့ခွဲပြီး ဟိုး… အဝေးတစ်နေရာကို သွားရတော့မယ်… ကိုယ့်ဘ၀ရဲ့ ခရီးလမ်းတွေပေါ်မှာ စတင်မလျှောက်လှမ်းခင် မင်းလေးရဲ့ အားပေးစကားတွေကို ကြားချင်လိုက်တာ ကောင်မလေးရာ… ခုအချိန်မှာ ကိုယ်တစ်ကယ် အလိုချင်ဆုံးအရာ အလိုအပ်ဆုံးအရာကို ပြောပြရမယ်ဆိုရင် ကိုယ်နှစ်သက်မြတ်နိုးခဲ့ရတဲ့ မင်းလေးရဲ့ အားပေးသံလေးကိုပဲ ကြားချင်မိတရ်…
ကောင်မလေးရေ… ကိုယ် မင်းလေးအနားမှာ မရှိတော့တဲ့အချိန်ကျရင် ကျန်းမာရေးကို ဂရုစိုက်ပါနော်… ကိုယ်မင်းလေးအနားမှာ မရှိတော့တဲ့အချိန်ကျရင် ကိုယ့်အစား သီချင်းလေး တွေက မင်းလေးကို အဖော်ပြုပေးနိုင်မှာပါ… ကိုယ့်ဘ၀ရဲ့ ရည်မှန်းချက်တွေ ပြီးဆုံး အောင်မြင်သွားတဲ့ တစ်နေ့ကျရင်လည်း ကိုယ် မင်းလေးအနားကို သီချင်းလေးတွေနဲ့ အတူ ပြန်လာခဲ့မယ်နော်… ကိုယ်တို့နှစ်ယောက် ပြန်လည်ဆုံတွေ့နိုင်မယ့် အချိန်လေးကို တမ်းတမျှော်လင့်ရင်း မင်းလေးကိုလွမ်းနေမှာပါ ကောင်မလေးရာ… ကိုယ်တို့နှစ်ယောက် ဘ၀ခရီးလမ်းပေါ်မှာ ကိုယ်စီလျောက်ရင်း ဒုက္ခ အခက်အခဲတွေ အားလုံးကို ကိုယ်စီအံတု ရင်ဆိုင်ရင်းနဲ့ နောင်ပြန်လည် ဆုံတွေ့နိုင်မယ့် ဆုံတွေ့ချိန်လေးတွေကို မျှော်လင့်ရင်း…

No comments:

Post a Comment