Thursday, February 9, 2012

                                                  အဆုံးမသတ်ခင်


ဘဝ
ဒီလိုပဲ
လောကဓံရဲ့ အထုအထောင်းနဲ့
ဘ၀ဟာ သက်ဝင်လာခဲ့တယ် ...။

လောကဓံ
အပူရယ် အအေးရယ်
ခြောက်သွေ့ခြင်း စိုထိုင်းခြင်း
တဖက်စီ အစွန်းရောက်ရင်းကပဲ ...။
အချစ်
မခေါ်ပဲလဲ လာတယ်
အေးအေးမြမြတိုက်စားသွားတယ် ...။
ဒဏ်ရာ
ဘယ်သူကမှ ပေးခဲ့တာမဟုတ်ဘူး
ကိုယ့်ဒေါသနဲ့ ကိုယ် ခံယူရင်း ခံစားရင်း ...။
သင်္ခါရ
နုပျိုရာက ဟောင်းနွမ်းလာတယ်
ပစ္စုပ္ပါန်မှာ အိုမင်းရွေ့လျားရင်း ...။

No comments:

Post a Comment