Thursday, February 9, 2012

ဘုရားရှင် .. သို့...




အမုန်းဆိုတာ..
အလေ့ကျပေါက်တဲ့
အပင်…
ရေမလောင်း
ပေါင်းမသင်လည်း

လေကိုရှူပြီး
သူ့လိုလို
ကြီးထွားရှင်သန်လေရဲ့..
(ဘုရားရှင်.. ကျမ မပူလောင်ချင်ဘူး)
အကောင်းဆုံး လက်စားချေနည်းက
ခွင့်လွှတ်ခြင်းတဲ့…
တကယ်လား..
ကျမကို ….
အဆုံးစွန် ဒုကပေးယုတ်မာခဲ့သူ
လူယုတ်မာတစ်ယောက်ကို
ဘုရားရှင်ထံလှူလို့..
ကျမ အမုန်းပင်ကို
သတ်ထားတယ်..
ဘုရားရှင်..
သူ စီစဉ်ပါလိမ့်မယ်…။

No comments:

Post a Comment