Thursday, February 9, 2012


အလွမ်း......
ဒီမှာ....
လွမ်းရလွန်းလို့...
ရင်ခုန်သံတွေတောင်မှ..
သေနေခဲ့ရပြီ....။

ရင်ထဲမှာလေ....
အလွမ်းကို အလွမ်းနဲ့ပျိုး...
အလွမ်းအိုးလေးနဲ့...
အလွမ်းတွေ စိုက်ပျိုးထားခဲ့တယ်...။

သူ...ပြန်လာမှ ပွင့်ပါ..လို့..
အလွမ်းပန်းလေးကို
တိတ်တခိုး...
တိုးတိုးလေး မှာထားတယ်....။

အလွမ်းပန်းပေမဲ့...
မနွမ်းပဲ...
အမြဲလန်းဆန်းနေမှာပါ....။

သူနဲ့တွေ့မှ.....
မျက်နှာကို..ငေး...
အလွမ်းပန်းလေး..
ပေးမယ်......။

နေ့မှာ...
နေမင်းကို ကြည့်မိတော့လည်း...
သူ့မျက်နှာ....။

ညမှာ...
လမင်းကို ကြည့်မိတော့လည်း...
သူ့မျက်နှာ....။

Online မှာ..
Gtalk ကို ကြည့်မိတော့လည်း...
သူ့မျက်နှာ....။

လွမ်းရတာ...
ရင်ပွင့်တော့မယ်....။
အလွမ်းတွေက
ရင်က တိုးထွက်..
ကဗျာ တစ်ပုဒ်ဖြစ်ခဲ့တယ်....။

“ နေ့မှာ....နေမင်း
ညမှာ.....လမင်း
ငါ့Gtalk မှာ....မင်း.....။ ။

No comments:

Post a Comment