အဖြည့်ခံ
ချစ်သူရေ
ရင်ဘတ်ထဲမှာ ဗုံးတွေကွဲနေပေမယ့်
စိမ်းကားရက်လို့ ထွက်သွားမယ်ဆိုရင်လည်း
ငါ...မတားပါဘူး
မင်းနဲ့ပတ်သတ်ခဲ့ဖူးတဲ့အတိတ်ကို
မေ့ပစ်နိုင်စွမ်းမရှိတဲ့သူမို့
တစ်ခါတစ်လေတော့ အိပ်မက်ဖို့ ခွင့်ပြုပါ
ဘာ့ကြောင့် ဘယ်လိုဆိုတဲ့ ရှင်းပြချက်တွေနဲ့
ငါ့ရင်ကို လာမနှစ်သိမ့်ပါနဲ့
မင်းကစပြီးလမ်းခွဲခဲ့တယ်ဆိုတာပဲ
ချစ်သူရေ
ရင်ဘတ်ထဲမှာ ဗုံးတွေကွဲနေပေမယ့်
စိမ်းကားရက်လို့ ထွက်သွားမယ်ဆိုရင်လည်း
ငါ...မတားပါဘူး
မင်းနဲ့ပတ်သတ်ခဲ့ဖူးတဲ့အတိတ်ကို
မေ့ပစ်နိုင်စွမ်းမရှိတဲ့သူမို့
တစ်ခါတစ်လေတော့ အိပ်မက်ဖို့ ခွင့်ပြုပါ
ဘာ့ကြောင့် ဘယ်လိုဆိုတဲ့ ရှင်းပြချက်တွေနဲ့
ငါ့ရင်ကို လာမနှစ်သိမ့်ပါနဲ့
မင်းကစပြီးလမ်းခွဲခဲ့တယ်ဆိုတာပဲ
ငါ...လက်ခံထားတယ်
အကြောင်းမဲ့မဟုတ်ဘူးဆိုတာသိပေမယ့်
ဘာပြစ်ချက်တွေနဲ့ ငါ့ကိုစီရင်ခဲ့တာလဲ
အဂတိကြောင့်လို့တော့ ငါမစွပ်စွဲရက်ပါဘူး
အသစ်တစ်ယောက်နဲ့တွဲနေတာတော့ ငါမြင်တယ်
ရင်ဘတ်ထဲကကို ငါ သိတယ်
မနှစ်သက်တော့လို့ စွန့်ပစ်လိုက်တာ
သဘာဝကျပါတယ်
ငါ့ဘက်က တွယ်ကပ်နေလို့ရော
ဘာထူးအုံးမှာလဲ
မင်းပဲ လွတ်လွတ်လပ်လပ်ပျံသန်းလိုက်ပါ
ငါ...မနာပါဘူး
ငါ...မမုန်းပါဘူး
မင်းရဲ့ဆုံးဖြတ်ချက်ကိုလည်း
လျစ်လျူမရှုရဲပါဘူး
အသစ်လူနဲ့သာ မင်းပျော်မယ်ဆို
ငါ့ဘာသာ ငိုငို လွမ်းလွမ်း
ငရဲခန်းမှာ စံရ စံရ
တစ်ကျွန်းကျတဲ့သူလို...
မငြိုငြင်လိုက်ပါနဲ့
မင်းအတွက် နောက်ဆံတင်းရမယ်အဖြစ်မျိုး
လုပ်ခဲ့မိတယ်ဆိုရင်
ငါ့ကိုယ်ငါ အပြစ်တင်မိလိမ့်မယ်
မင်းယူဆောင်သွားတဲ့ ဒြပ်မဲ့တစ်ခုကို
ငါ ပြန်မတောင်းဆိုပါဘူး
မင်းလိုရာသုံး
အမှိုက်ပုံးထဲပဲထည့်ထည့်
တစ်ခါတစ်လေ လိုအပ်လို့အသုံးတည့်မယ်ဆို
(ကြည်နူးခဲ့ဖူးတဲ့အတိတ်ကိုသတိရ)
မင်းအတွက်
ဖြေသိမ့်စရာတစ်ခုတော့ ကျန်ခဲ့မှာပါ
အဲသလောက်လေး ဖြည့်စွမ်းနိုင်ရင်ပဲ
ငါ့ကိုယ်ငါ ကျေနပ်ရဲလို့
ကမ်းကပ်ခွင့်မရှိတဲ့ ဗေဒါလို
မင်းရဲ့ သွေးအေးစီးကြောင်းထဲမှာ မျော
ငါ့နှလုံးသားကတော့
သေ
ငယ်
ဇော
နဲ့
အတိတ် ပစ္စုပ္ပန် အနာဂါတ်
အချိန်ကာလဆိုတာတောင် မေ့ပျောက်လို့နေခဲ့ပြီ...
အကြောင်းမဲ့မဟုတ်ဘူးဆိုတာသိပေမယ့်
ဘာပြစ်ချက်တွေနဲ့ ငါ့ကိုစီရင်ခဲ့တာလဲ
အဂတိကြောင့်လို့တော့ ငါမစွပ်စွဲရက်ပါဘူး
အသစ်တစ်ယောက်နဲ့တွဲနေတာတော့ ငါမြင်တယ်
ရင်ဘတ်ထဲကကို ငါ သိတယ်
မနှစ်သက်တော့လို့ စွန့်ပစ်လိုက်တာ
သဘာဝကျပါတယ်
ငါ့ဘက်က တွယ်ကပ်နေလို့ရော
ဘာထူးအုံးမှာလဲ
မင်းပဲ လွတ်လွတ်လပ်လပ်ပျံသန်းလိုက်ပါ
ငါ...မနာပါဘူး
ငါ...မမုန်းပါဘူး
မင်းရဲ့ဆုံးဖြတ်ချက်ကိုလည်း
လျစ်လျူမရှုရဲပါဘူး
အသစ်လူနဲ့သာ မင်းပျော်မယ်ဆို
ငါ့ဘာသာ ငိုငို လွမ်းလွမ်း
ငရဲခန်းမှာ စံရ စံရ
တစ်ကျွန်းကျတဲ့သူလို...
မငြိုငြင်လိုက်ပါနဲ့
မင်းအတွက် နောက်ဆံတင်းရမယ်အဖြစ်မျိုး
လုပ်ခဲ့မိတယ်ဆိုရင်
ငါ့ကိုယ်ငါ အပြစ်တင်မိလိမ့်မယ်
မင်းယူဆောင်သွားတဲ့ ဒြပ်မဲ့တစ်ခုကို
ငါ ပြန်မတောင်းဆိုပါဘူး
မင်းလိုရာသုံး
အမှိုက်ပုံးထဲပဲထည့်ထည့်
တစ်ခါတစ်လေ လိုအပ်လို့အသုံးတည့်မယ်ဆို
(ကြည်နူးခဲ့ဖူးတဲ့အတိတ်ကိုသတိရ)
မင်းအတွက်
ဖြေသိမ့်စရာတစ်ခုတော့ ကျန်ခဲ့မှာပါ
အဲသလောက်လေး ဖြည့်စွမ်းနိုင်ရင်ပဲ
ငါ့ကိုယ်ငါ ကျေနပ်ရဲလို့
ကမ်းကပ်ခွင့်မရှိတဲ့ ဗေဒါလို
မင်းရဲ့ သွေးအေးစီးကြောင်းထဲမှာ မျော
ငါ့နှလုံးသားကတော့
သေ
ငယ်
ဇော
နဲ့
အတိတ် ပစ္စုပ္ပန် အနာဂါတ်
အချိန်ကာလဆိုတာတောင် မေ့ပျောက်လို့နေခဲ့ပြီ...




No comments:
Post a Comment