Friday, February 17, 2012

အထီးကျန်မှုတွေ စိုးမိုးနေတဲ့

 
လမိုက်ညရဲ့ ကောင်းကင်အောက်မှာ

ကြေကွဲနေတဲ့ သံစဉ်တွေနဲ့

ဂစ်တာအိုတစ်လက်ကို ထွေးပွေ့ရင်း

အလွမ်းတွေကို ဖြေဖျောက်နေတဲ့

ကောင်လေးတစ်ယောက်

အချစ်ရဲ့ ခါးသီးမှုတွေကို ခံစားရင်း

မမြင်ရတဲ့ အလင်းရောင်ကိုတမ်းတ

ပေးဆပ်ခွင့်ကိုပဲမျှော်လင့်

မာနတွေကိုမြေမြုပ်

အချစ်ရဲ့အောက်မှာ

ဒူးထောက်ခဲ့ရ...

ယုံကြည်မှုဆိုတာ ဝေးလွင့်

အသဲကွဲတဲ့ အရသာကိုစားသုံး

ခပ်ဝါးဝါး မျှော်လင့်ချက်နဲ့

မရေရာတဲ့ မနက်ဖြန်မှာ

မသေချာမှုတွေနဲ့ပဲ

အသက်ဆက်ခဲ့ ....။   

No comments:

Post a Comment