Wednesday, February 1, 2012

အထုပ်အပိုးကိစ္စ

ဘယ်သူ့အသက်ရှုသံကိုမှ
ကြားဖြတ်ဖမ်းယူနေတာမဟုတ်ဘူး
တချို့က
ကိုယ်အထုပ်ကိုဖြည်ပြနေကြတာ။

ကျနော်တို့က
ကိုယ့်ပုခုန်းပေါ်က အနာဂတ်ကို
ပြတ်ပြတ်သားသား ယုံတယ်။
တချို့က
သူတို့အစာအိမ် သီချင်းကို
တဦးချင်း ခိုးညည်းနေကြပေါ့။
“ရိုးသားမှု”
ဒီစကားလုံးအပေါ်မှာတောင်
ဘာ့ကြောင့် မရိုးသားနိုင်ကြတာလဲ
ဒါပဲ စိတ်နာရဲ့။

No comments:

Post a Comment