Sunday, February 19, 2012

ရပ်ကွက်ထောက်ခံစာ ပြုလုပ်ရာတွင် ကျပ်ငါးသောင်းအထိတောင်းခံမှုရှိနေ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆင်ခြေဖုံးမြို့နယ်များတွင် ပွင့်လင်းရာသီတွင် နေအိမ်ပြုပြင်တည်ဆောက်မှုများ ပိုမိုများပြားလာပြီး စည်ပင်မှပြုပြင်တည်ဆောက်ခွင့်ရရန် ရပ်ကွက်ထောက်ခံစာပြုလုပ်ရာတွင် ငွေကျပ်ငါးသောင်းခန့်အထိ တောင်းခံမှုများရှိလာကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပြသည်။
´အိမ်ပြင်ဆောက်ဖို့ ရပ်ကွက်ထောက်ခံစာသွားလုပ်တာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေက ငွေကျပ်ငါးသောင်းတေင်းတယ်။ ငွေမပေးနိုင်လို့ ဥက္ကဌကိုလိုက်ပြီးညှိမှ ငွေတစ်သောင်းခွဲနဲ့ ဈေးတည့်ပြီး အလှူငွေဆိုပြီးထည့်ခဲ့ရတယ်´ဟု လှိုင်သာယာမြို့နယ် အမှတ် ၂ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ရပ်ကွက်များအတွင်း နေအိမ်များပြုပြင်တည်ဆောက်ကြရာတွင် ရပ်ကွက်ထောက်ခံစာမပါရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၏ 
 
လာရောက်ဟန့်တားမှုများ၊ ငွေတောင်းခံမှုများရှိသဖြင့် နေထိုင်သူများမှာ ရေရှည်အတွက် လူမှုရေးအရ နားလည်မှုဖြင့် ထောက်ခံစာပြုလုပ်ရာတွင် အလှူငွေများကို မဖြစ်မနေပေးဆောင်ကြရကြောင်း ပြည်သူအချို့နှင့် အိမ်ဆောက်လက်သမားများက ပြောပြကြသည်။
´ရပ်ကွက်အုပ်ချုပ်ရေးမှာ ဘာထောက်ခံစာလုပ်လုပ် အခကြေးငွေတောင်းခံပိုင်ခွင့်မရှိပါဘူး။ ထောက်ခံစာကို အလကားလုပ်ပေးရမှာပါ´ဟု မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူးအဆင့်ရှိသူတစ်ဦးက ပြောပါသည်။
ထို့အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများရှိ ဥက္ကဌအပါအ၀င်အဖွဲ့ဝင်များမှာ လုပ်ခလစာရရှိမှု မရှိကြကြောင်း စုံစမ်းသိရှိရသည်။

No comments:

Post a Comment