Saturday, February 18, 2012

ချစ်ခဲ့မိတာ 
ချစ်ခဲ့မိတာ.
အစစ်အမှန်ပဲမို့
ဖြစ်ခဲ့သမျှအတွက်
အပြစ်ဖွဲ့စရာလို့လည်း
ငါမတွေးပါဘူး ..........
ကြုံဆုံခဲ့တာ
အိပ်မက်မဟုတ်မှတော့
ခံစားရတာတွေက
လေတိုက်ယုံနဲ့လွင့်ပျောက်မသွားနိုင်ဘူး ............
ဒဏ်ရာဆိုပေမယ့်
နာကျင်စရာလို့မတွေးပါဘူး
အချိန်ကာလကြားမှာ
နေသားကျအောင်နေထိုင်ရင်း
မင်းမရှိပေမယ့်
ငါ..........အဆင်ပြေပါတယ် ။

ချန်ထားခဲ့တာလား
ကျန်နေခဲ့တာလား
ဝိုးတ၀ါးနဲ့ပါပဲ
လမ်းခွဲခဲ့တာမဟုတ်ပေမယ့်
မင်းနဲ့ငါ
လမ်းကွဲခဲ့တာတော့ သေချာတယ်............
ပြန်ပြင်လို့မရမှတော့
အတိတ်ဆိုတာ တွေးတွေးပြီး
ငါနောင်တမရပါဘူး ..................
ဒီအချိန်မှာ
တစ်ယောက်တည်းဆိုပေမယ့်
ငါ..........အဆင်ပြေပါတယ် ။

ငါမညာပါဘူး
တိုင်တည်စရာလူမရှိ
ခိုလှိုစရာရင်ခွင်မရှိလို့
တခါတခါ
အထီးကျန်ဆန်ပေမယ့်
ပြန်ဆုံခွင့်ကိုတော့
ယောင်ယမ်းပြီးမှတောင်
ငါမတမ်းတပါဘူး................
မှန်တယ်ထင်လို့
လျှောက်ခဲ့ပြီးမှတော့
ငါ့ကိုပြန်လှည့်မကြည့်ပါနဲ့ .............
နင်တန်ဖိုးမထားခဲ့တဲ့အရာတွေက
အမှတ်တရပေါင်းစုံနဲ့
တစ်သက်လုံးစာ သတိရဖို့
ငါ့အတွက်တော့ လုံလောက်ပါတယ်..............
ငါ့ဘေးမှာ နင်မရှိတာကလွဲလို့
ပတ်သက်ခဲ့သမျှတွေက
ဘယ်အချိန်ပဲဖြစ်ဖြစ်
အရင်ကလိုနွေးထွေးဆဲပဲမို့
အသည်းကွဲခဲ့ပေမယ့်
ငါ..........အဆင်ပြေပါတယ် ။ ။ ။

No comments:

Post a Comment