ကုန်းဇောင်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲ
မကွေးတိုင်း ၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးကော်မတီနဲ့ ပြည်သူတွေ တွေ့ဆုံပွဲအခမ်းအနား၊ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့ ကကျင်းပခဲ့ပါတယ်။အဲဒီ အခမ်းအနားကို ဒေသခံပြည်သူ ၆၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ၊ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာအောင်မိုးညို မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အဖွဲ့ဝင် ကိုနေမျိုးကျော်နဲ့ တာဝန်ရှိသူတွေက တတ်ရောက်ပြီး အမှာစကားပြောကြားခဲ့ကြပါတယ်။ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော င်း ဒေါက်တာအောင်မိုးညိုက အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သမိုင်းကြောင်းကို ရှင်းပြခဲ့ပါတယ်။အဲဒီနောက် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေ စနစ်တကျမဲပေးတတ်အောင် မဲပေးတဲ့အခါမှာ မှားယွင်းမှုမရှိအောင် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော င်း ဒေါက်တာအောင်မိုးညိုက မဲပေးပုံစနစ်တွေကိုလည်း ရှင်းပြခဲ့ပါတယ်။အဲဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အဖွဲ့ဝင်တွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေလဲ တက်ရောက်လာတာကို တွေ့ရှိရပါတယ် ခင်ဗျား။
-------------------------------------------------------------
၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် သရက်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဆိုင်းဘုတ်တင်နှင့် ရုံးဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ အခမ်းအနားမှူးအဖြစ် မကွေးမြို့မှ ဒေါ်စန္ဒာဝင်း၊ သဘာပတိအဖြစ် သရက်မြို့မှ ဦးကံမြင့်တို့ကပြုလုပ်ကြပြီး၊ ပထမဦးစွာ အလံတင်ခြင်းနှင့် ဆိုင်းဘုတ်တင်ဖွင့်ပွဲပြုလု ပ်ပါသည်။ ၄င်းနောက် အဖွဲ့ချုပ်နာယကအဖွဲ့ဝင် သူရဦးတင်ဦး၏ သ၀ဏ်လွှာ ဖတ်ကြားခြင်း၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကို ယ်စား ကိုအာကာဘိုမှ သ၀ဏ်လွှာဖတ်ကြားခြင်း၊ ဗဟိုအောင်နိုင်ရေး ဥပဒေပြုအဖွဲ့မှ ဦးကြည်ဝင်းနှင့် ဗဟိုအောင်နိုင်ရေး ဒီလှိုင်းဂျာနယ် အယ်ဒီတာ ဦးအောင်မြင့် (ခ) ဖျာပုံနီလုံဦး တို့မှ အမှာစကားပြောကြားခြင်း၊ မကွေးတိုင်း အောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်ခင်စောဋ္ဌေးမှ မိတ်ဆက်စကား ပြောကြားခြင်း၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးမှ အမှတ်တရစကား ပြောကြားခြင်းတို့ပြုလုပ်ခဲ့ ပါသည်။ သရက်မြို့မှ ကဗျာဆရာတစ်ဦးမှ ဂုဏ်ပြုကဗျာရွတ်ဆိုပြီးနောက် အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ အောင်လံ၊ မင်းတုန်း၊ ကံမ၊ မကွေး၊ ရေနံချောင်း၊ ရန်ကုန် မှ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ မြို့ခံပြည်သူလူထုပေါင်း ၃၀၀၀ ခန့် တက်ရောက်ကြပါသည်။
--------------------------------------------
----------------------------------------------
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ်(၃) အမျိုးသားဒီမိုကရေစီအဖွဲချု ပ်-လွှတ်တော်ကိုယ်စားလှယ်လော င်း ဒေါက်တ်ာမြင့်နိုင်၊ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဒေါက်တာ လှိုင်မြင့်ဟန်၊ ရေဦးမြို့နယ် အောင်နိုင်ရေး အဖွဲ့မှ ဆရာကြီး ဒေါက်တာ သန်းအောင်ဌေး၊ ဦးကျော်မြင့်(ကဗျာဆရာ ကိုချိုကို)၊ စင်ထရယ်-ဦးကျော်ဆွေ၊ ရွှေဘုံရွှေနန်း- ဦးကျော်လှိုင်၊အားသစ်-ဦးအောင်စိုး၊ ကုက္ကိုစု-ဒေါ်ခင်ဝင်း ဦးဆောင်သော အမျိုးသမီး အဖွဲ့ဝင်များ၊ ကိုမြင့်ထွေး၊ ကိုမျိုးမင်းထက်၊ ကိုကျော်နိုင်ဆွေတို့ ဦးဆောင်သော လူငယ်အဖွဲ့ဝင်များ၊ ဦးကျော်ညွန့် (အောင်ဟိန်း-ရေဦး)၊ ဦးရန်နိုင် (ရန်ငြိမ်းသူ-တန့်ဆည်)၊ ဦးကျော်ရင် (ကျော်ရင်မောင်-ရေဦး)၊ ဦးဘသောင်း (မောင်နေသစ်-ရေဦး) တို့ ပါဝင်သော အဖွဲ့သည် ရေဦးမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများတွင် ဆိုင်းဘုတ်တင်၊ ရုံးခန်းတင်ဖွင့်လှစ်နိုင်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၇) အုပ်စုရှိသည့်အနက်၊ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ (၇)ရက်နေ့မှ၊ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ(၁၈) ရက်နေ့ ကာလအတွင်း၊ ကျေးရွာအုပ်စု (၄၁) အုပ်စုတို့တွင် ဆိုင်းဘုတ်တင် ရုံးခန်း ဖွင့်လှစ်နိုင်ခဲ့ ပြီဖြစ်ကြောင်းနှင့် ဟောပြော၊ စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၇) အုပ်စုရှိသည့်အနက်၊ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ (၇)ရက်နေ့မှ၊ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ(၁၈) ရက်နေ့ ကာလအတွင်း၊ ကျေးရွာအုပ်စု (၄၁) အုပ်စုတို့တွင် ဆိုင်းဘုတ်တင် ရုံးခန်း ဖွင့်လှစ်နိုင်ခဲ့ ပြီဖြစ်ကြောင်းနှင့် ဟောပြော၊ စည်းရုံးရေးလုပ်ငန်းများကို








No comments:
Post a Comment