Friday, February 10, 2012

တမ်တခြင်း

တမ်းတခြင်း
ချစ်သူရေ.............

ရက်စက်တဲ့ ကံ ကို အပြစ်ဖို့ ရင်း

ငါ့ နံနက်ခင်းတိုင်းမှာ

နင်ရှိဆဲပဲ.....

နင်ဆိုနေကျသီချင်းကိုအလွတ်ကျတ်ရင်း

နင်ပေးခဲ့တဲ့စံပယ်တွေကို နမ်းရှိုက်

ခပ်ဝေးဝေးကအတိတ်ကိုပြန်လည် အောက်မေ့ လို့ 

ပျောက်ဆုံးခဲ့တဲ့ ရယ်သံတွေကို

လိုက်ကောက်နေဆဲ

နင်မရှိတော့ တဲ့ ငါ့ နဘေးက

နေရာလေးကိုအစားမထိုးပဲ

အရင်အတိုင်း နင့်ကိုမြင်ယောင်ဆဲ

နင်ရေးခဲ့ တဲ့ ကဗျာတွေကို

အသက်ဆက်သွင်းရင်း

ငါတို့ နှစ်ယောက်ဆိုခဲ့ ဖူးတဲ့ 

သီချင်းတွေကိုလွမ်းချင်းအဖြစ်ပြောင်းကာ

တကယ်ပါ....ငါလေ

နင်ထားခဲ့ တဲ့  လေးနှစ်တာညတွေမှာ

ခပ်ဟဟတောင်ယောင် လို့ မရယ်ခဲ့ပါဘူး

ဆုံးရှူံးခဲ့ တဲ့ ဘ၀ခြားခြားကချစ်သူရေး.......

No comments:

Post a Comment