Friday, February 10, 2012

ရွှေဝါရောင် သံဃအရေးအခင်းဦးဆောင်သူ အရှင်ဂမ္ဘီရ အာဏာပိုင်များ ညသန်းခေါင်တွင် လာခေါ်သွား


 ဖေဖေါ်ဝါရီ ၁၀၊ ၂၀၁၂ (YPI)
 
ယခင်လ ၁၃ ရက်နေ့တွင်ပြန်လည်လွတ်မြောက်လာသည့် ရွှေဝါရောင် သံဃအရေးအခင်း ဦးဆောင်သူ အရှင်ဂမ္ဘီရအား ယနေ့နံနက် ၂ နာရီတွင် သီတင်းသုံးလျှက်ရှိရာ သင်္ဃန်းကျွန်း လယ်တီကျောင်းမှ ရန်ကုန်တိုင်း အစိုးရအဖွဲ့မှဟု ဆိုသူများက လာရောက်ခေါ်ဆောင်သွားသည်။ 
 
လယ်တီကျောင်းတွင် အတူသီတင်းသုံးနေသူ ဦးဣဿရိယက “ဟုတ်တယ် အဲဒီသတင်းက မှန်ပါတယ်။ မနက် ၂နာရီမှာ လာပြီးတော့ပင့်သွားတာပါ၊ သူတို့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ကလို့ ပြောပါတယ်။ ဘာမှတော့ သတင်းထပ်မကြားရဘူး။ အဆက်အသွယ်မရပါဘူး” ဟု YPI သို့ပြောသည်။ 
 
အရှင်ဂမ္ဘီရအား ယနေ့နေ့လည် တစ်နာရီတွင် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့မှ ခေါ်ယူဆုံးမစရာရှိသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသော်လည်း ယင်းကဲ့သို့ခေါ်ယူမှုနှင့် ပတ်သက်သည့် စာရွက်စာတမ်း အထောက်အထား တစုံတရာ ပေးပို့လာခြင်းလည်း မရှိကြောင်း အတူသီတင်းသုံးသူ သံဃာများက ပြောသည်။
 
ဇန်န၀ါရီလတွင် အရှင်ဂမ္ဘီရ မြောင်းမြထောင်မှ လွတ်မြောက်လာပြီးနောက် ၂၀၀၇ ခုနှစ်ကတည်းက ချိတ်ပိတ်ထားသည့် မဂ္ဂင်ကျောင်းတိုက်ကို ဖွင့်လှစ်ဝင်ရောက်သီတင်းသုံး နေခဲ့ရာမှ  ယခင်သီတင်းပတ်က သာသနာရေး ဦးစီးဋ္ဌာနက ကျောင်းအား တရားဝင်ပြန်လည်ဖွင့်ပေးရန် အတွက်ချိတ်ပိတ်ခဲ့သည်။ ယင်းသို့ချိတ်ပိတ်ထားသည့် မဂ္ဂင်ကျောင်းအား ယနေ့နေ့ခင်းတနာရီတွင် ပြန်လည်ဖွင့်လှစ်ပေးဖို့ စောင့်ဆိုင်းလျှက်ရှိစဉ် အရှင်ဂမ္ဘီရအား ယခုလို လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်။        ။ 
 
မြန်မာအမျိုးသမီးပါးရိုက်တဲ့ဂျပန်ကို ပြည်နှင်ဒဏ်ပေး ဗီဇာပိတ်
 
by Swe Swe Kyi on Friday, 10 February 2012 at 14:27 ·
 
မြန်မာအမျိုးသမီးကို ပါးရိုက်တဲ့ဂျပန်အား ကာလုံက ပြည်နှင်ဒဏ်ပေးပြီး လာခွင့်ပိတ်
 
ရန်ကုန်/ ဖေဖော်ဝါရီ ၁၀ 
 
ရန်ကုန် Orchid Hotel ဧည့်ကြိုကောင်တာ
  
ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။ 
 
ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့  လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။
 
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
 
မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။
Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ 
 
အခင်းဖြစ်တဲ့ ရန်ကုန်က ဟော်တယ်အမည်ကို အစိုးရက တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ အတည်မပြူနိုင်သေးတဲ့ Facebook သတင်းတွေအရ ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ 
 
Amara News Agency
 
===============================
 
ဆက်စပ် Facebook သတင်း
 
ဂျပန် အမျိုးသားက မြန်မာ အမျိုးသမီး ဟိုတယ်ဝန်ထမ်းကို ပါးရိုက်မှု 
 
Posted by William Smith in Feb 09, 2012,
 
ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်
 
ရဲ့ ဖြစ်ရပ်မှန် လေးပါ။
 
28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်
 
ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။
 
ဟိုတယ် Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်
 
စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့
 
အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ်
 
General Manager မှ ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။
 
 ဂျပန် သံရုံးက စကာပြန် တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်လာပြီး တရားလို ကို
 
တရားခံတစ်ယောက် အဖြစ် ပြန်ဆက်ဆံသွားတယ်လို့ သိခဲ့ရပါတယ်။နှစ်ရက် လောက်
 
ကြာမှာ အမှု လာဖွင့်ရန် အကြောင်းကြားသောကြောင့် ကိုယ့်သူငယ်ချင်း ကို ဟိုတယ်
 
က ဆက်သွယ်ပြီး သွားခဲ့ကြတယ်။ 
 
ဟိုရောက်တော့ ရဲ့ အရာရှိများကပါးရိုက်ခံရတာ ဒါဏ်ရာရှိလား၊ သွေးထွက်လား ဆေး
 
စာ လုပ်ပြီးပြီလားလို့ ဆီးကြိုမေးချင်ခံရတယ်လို့သိရပါတယ်။ မိန်းခလေး တစ်ယောက်
 
ရဲ့ ကာအိနြေင်္အဇော်ကား ခံရတဲ့ ဖြစ်ရပ်ကို ဒီလို မေးချင်းခံရတာ ကြောင့် သြော် ငါ့တို့
 
နိုင်ငံမှာကိုယ့် နိုင်ငံသားတစ်ယောက် စော်ကားခံရတာကိုတောင် ဆေးစာလိုပါသလား
 
လို့ မေးပြီး တိုင်းတပါးသားကို ကာကွယ်ဖို့စဉ်းစားနေသေးတယ်လို့ ရင်ထုမနာတွေး
 
မိကြောင်း ပြန်လည်ဖွင့်ပြောခဲ့ပါတယ်။ 
 
ရှက်ရှက်နဲ့ ဖြစ်ရပ်မှန်ကို ပြောပြီးတော့ လည်း ပါးရိုက်ခံရတဲ့ ဆေးစာပါမှ အမှုဖွင့်လို့ ရ
 
တယ်ဆိုသော ကြောင့် ရန်ကုန် ဆေးရုံကြီးမှာ မျက်နှာ ငယ်စွာနဲ့ လူအများကြားမှာ ဆရာဝန်
 
ထံပြောဆိုပြီး ဆေးစာ ယူခဲ့ပေးရပြန်ပါတယ်။
 
 =================================== 
 
မြန်မာအမျိုးသမီးကို စော်ကားတဲ့ ဂျပန်ဘက်က ဘက်လိုက်ပြီး ဟော်တယ်ကို တရားစွဲတဲ့
 
ရန်ကုန် ဂျပန်သံရုံးကို အီးမေးပို့ပြီး ကန့်ကွက်ကြမယ်ဆိုရင်..... 
 
အောက်ပါ အီးမေးလိပ်စာများအတိုင်း ကန့်ကွက်နိုင်ပါကြောင်း 
 
(မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေသာမက နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတိုင်း ရန်ကုန် ဂျပန်သံရုံးကို ကန့်ကွက်စာတွေ အဆက်မပြတ် ပို့ကြပါ) 
  
 
 

လှိုင်သာယာ မီးဘေးသင့်သူများအတွက် အကူအညီများနှောင့်နှေးနေ

by Yangon Press International on Tuesday, 7 February 2012 at 19:18 ·
ဖေဖေါ်ဝါရီ ၇၊ ၂၀၁၂ (YPI)
လှိုင်သာယာမြို့နယ်၊ အလယ်ရွာမှ မီးဘေးသင့်ပြည်သူများသို့ ကူညီလှူဒါန်းမည့်အဖွဲ့အစည်းများကို ဒေသခံအာဏာပိုင်အဖွဲ့များက တားဆီးထားသောကြောင့် အကူအညီများနှောင့်နှေးနေသည်ဟု လူမှုကူညီရေးများလုပ်ဆောင်ရန် သွားရောက်ခဲ့သူများကပြောသည်။

အကူအညီများကို မီးဘေးသင့် ကယ်ဆယ်ရေးစခန်း ကွပ်ကဲရေးရုံးမှတစ်ဆင့်သာ လှူဒါန်းရမည်ဟုဆိုကာ အရေးပေါ်အကူအညီ ပစ္စည်းများကို ထိန်းသိမ်းထားသည်ဟု မီးလောင်ပြင်သို့သွားရောက်ခဲ့သူများက ပြောသည်။

“ကွပ်ကဲရေးရုံးနားမှာ ထမင်းထုပ်တွေ အပုံလိုက်ကြီးတွေ့တယ်။ ကျွန်တော်တို့သွားတော့ ၁၁ နာရီကျော်ပြီ။ ကျွန်တော်တို့ဆီက ထမင်းထုပ်တွေကို အလုအယက်ယူကြတယ်” ဟုမီးလောင်ကွင်းသို့သွားရောက် အကူအညီပေးခဲ့သည့် လှိုင်သာယာမြို့နယ် NLD အဖွဲ့ဝင်တစ်ဦးကပြောသည်။

၎င်းအဖွဲ့မှာ အကူအညီပစ္စည်းများကို ကွပ်ကဲရေးရုံးသို့မအပ်နှံသောကြောင့် ကယ်ဆယ်ရေးစခန်း အတွင်းသို့ဝင်ခွင့်မရဘဲ မီးလောင်ပြင်တွင် ခိုကပ်နေကြသော မီးဘေးသင့်ပြည်သူများကိုသာ အကူအညီပေးနိုင်ခဲ့သည်ဟု ဆိုသည်။

အဖွဲ့အစည်းပုံစံဖြင့်မဟုတ်ဘဲ လာရောက်ကူညီကြသော နီးစပ်ရာပြည်သူများမှာ အကူအညီပစ္စည်းများကို ပုံထားကြပြီး ကိုယ်တိုင်လှူခွင့်မရသူများက ပြန်လည်သယ်ဆောင်သွားကြသည်ကို တွေ့ရကြောင်း  အကူအညီပေးရန် သွားရောက်ခဲ့သူများကပြောသည်။

မီးဘေးသင့်သူများသို့ အကူအညီပစ္စည်းများပေးရန် သွားရောက်ခဲ့သည့် လှိုင်မြို့နယ်မှ အမျိုးသားတစ်ဦးက “ကျွန်တော်တို့ကိုယ်တိုင်လည်း ၂၀၀၅ တုန်းက မီးဘေးသင့်ခဲ့ဖူးတယ်။ အလှူရှင်တွေက ထမင်းထုပ်တွေထဲမှာ ပိုက်ဆံတွေထည့်ပေးတယ်ဆိုလို့ သူတို့တွေ(အာဏာပိုင်အဖွဲ့အစည်းများ)က ထမင်းထုပ်တွေကို အကုန်ဖွင့်ရှာတော့ ထမင်းတွေနဲ့ ဟင်းတွေရောပြီး ထမင်းသိုးတွေစားခဲ့ရတယ်။ အခုလည်း အဲဒီလိုဖြစ်မှာစိုးလို့ ကိုယ်တိုင်လှူချင်တာ” ဟု ၎င်းကြုံတွေ့ခဲ့ရပုံကိုပြောပြသည်။

မီးဘေးသင့်သူများထဲတွင် ကျောင်းသားကလေးငယ်များပါဝင်ပြီး စာမေးပွဲနီးနေပြီဖြစ်သောကြောင့် ပညာရေးအခက်အခဲဖြစ်မှာ စိုးရိမ်ရသည်ဟု အကူအညီပေးရန်သွားရောက်ခဲ့သည့် ပညာရေးထောက်ပံ့မှုအဖွဲ့အစည်းတစ်ခုမှ လူငယ်တစ်ဦးကပြောသည်။

“မီးဘေးသင့်ကလေးငယ်တွေအတွက် ပညာရေးအခက်အခဲဖြစ်မှာစိုးရိမ်ရတယ်။ ကွပ်ကဲရေးရုံးကို မီးဘေးသင့် ကျောင်းသားအရေအတွက်မေးတော့ သူတို့စာရင်းမလုပ်ရသေးဘူးတဲ့။ အကူအညီပစ္စည်းတွေကို သူတို့ဆီကပဲတစ်ဆင့်သွားရမယ်လို့ပြောတယ်။ အဲဒါနဲ့လောလောဆယ်တော့ ပြန်လာခဲ့လိုက်တယ်” ဟု ၎င်းလူငယ်ကပြောသည်။

ဖေဖေါ်ဝါရီ ၆ ရက်က မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၃၅၃ လုံးမီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ တစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်ဟု မီးဘေးသင့်ကယ်ဆယ်ရေးစခန်း ကွပ်ကဲရေးရုံးစာရင်းများက ဖော်ပြသည်။
မီးဘေးသင့်သူများအတွက် ကယ်ဆယ်ရေးစခန်းကို အောင်ဇေယျာမင်းဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည်။
Friday, February 10, 2012
NLD ၊ ၈၈ ၊ ကျောင်းသားနှင့် နိုင်ငံရေးသမားများအတွက် အသုံးတည့်မည့်အချက်(၈)ချက်
by Ye Moe on Friday, February 10, 2012 at 12:18pm ·
 
၁။       အစိုးရနဲ့တပ်မတော်ကို ခွဲခြားပြီးပြောပါ။
၂။       တပ်မတော်ဟာ အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ရမှာပါ။ ဗိုလ်ချုပ်တွေက အစိုးရတက်လုပ်နိုင်လို့                    အတိုက်အခံကိုနှိမ်နင်းခိုင်းရင် နှိမ်နင်းမှာပဲဖြစ်သလို N L Dက အစိုးရဖြစ်လာပြီး သူတို့နဲ့အတိုက် အခံကို နှိမ်နင်းဖို့ တပ်ကိုအသုံးချလည်း တပ်ကတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပါပဲ။
၃။       စစ်တပ်ကိုး ။ အထက်အမိန့် နာခံတတ်အောင် လေ့ကျင့်ထားတာပါ။ အမိန့်မနာခံဘဲနဲ့လဲ စစ်တိုက် လို့ မရပါ။ ရှေ့တန်းမှာ ဒီလမ်းက ဒီတောင်ကုန်းကို တက်သိမ်းဆို မိုင်းရှိရှိ ၊ ငြောင့်ထောင်ထောင် စက်သေနတ် ဘယ်နှစ်လက်နဲ့ပစ်ပစ်  တက်ရမှာပါ။ နောက်နေ့မှတိုက်ပါရစေ ၊ တခြားလမ်းကသွား ပါရစေ လုပ်လို့မရပါ။ စစ်သားရဲ့တွေးခေါ်ပုံကိုက အရပ်သားနဲ့မတူပါ ။ မတူအောင်လည်း လေ့ကျင့်ထားတာပါ။ စစ်သားကို စစ်တရားရုံးနဲ့ပဲ တရားစီရင်ခွင့်ရှိတာဟာ စစ်သားရဲ့စဉ်းစားပုံဟာ အရပ်သားနဲ့မတူလို့ပါ။
 
၎။       စစ်တပ်ကို လက်ကိုင်ဒုတ် စစ်တပ်မဖြစ်စေချင်ရင် စနစ်ကို ခိုင်မာအောင်လုပ်ပါ။ ဘယ်သူတက် တက် စစ်တပ်ကို အသုံးချလို့မရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွဲထားပါ။ အမေရိကန်နိုင်ငံသ မိုင်းမှာ နိုင်ငံရေးသမားတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေပက်မ၀င်အောင် ဆွဲခဲ့လို့ စစ်တပ်က အာဏာသိမ်းတာ တစ်ခါမှမရှိပါ။ တပ်မတော်ကလည်း အသုံးချခံချင်လှတယ်တော့ မရှိပါ။ ဒါပေမယ့် အစိုးရကို ပုန်ကန်တဲ့တပ်မတော် ပိုပြီးမဖြစ်လိုပါ။ စစ်တပ်မျက်စိကကြည့်လျှင် အထက် အမိန့်မနာခံတဲ့ တပ်မတော်ဟာ အန္တရာယ်အကြီးဆုံးပါ။ အမေရိကန်စစ်ကားထဲမှာ တပ်ခွဲမှူးက သူ့ရဲဘော်ကို စစ်မြေပြင်မှာ ပြောတဲ့အတိုင်း ပြောရရင်  “ ငါတို့က ဒီမိုကရေစီကို ကာကွယ်ဖို့ ဒီနေရာကိုရောက်နေတာ - - - ကျင့်သုံးဖို့မဟုတ်ပါ ” တဲ့ ။
၅။       ဗိုလ်ချုပ်တွေ မသမာမှုလုပ်ခွင့်ရတာ ဗိုလ်ချုပ်ရာထူးကြောင့်မဟုတ်ပါ။ အာဏာသိမ်းပြီး နိုင်ငံရေး ရာထူးတွေ ယူခွင့်ရသွားလို့ပါ။ နိုင်ငံရေးသမားများအချင်းချင်း ညီညွတ်လျှင် အာဏာသိမ်းလို့မရပါ။ ဘယ်တပ်မတော်မှလည်း နိုင်ငံရေးပယောဂမပါဘဲ အချောင်နာမည်ပျက်ခံပြီး အာဏာသိမ်းလိုမယ် မဟုတ်ပါ။
၆။       စစ်တပ်ကိုလဲ သိပ်ပြည့်စုံနေတယ်မထင်ပါနဲ့ ။ ကျွန်တော် တပ်မတော်ကအငြိမ်းစားယူတဲ့အထိ စစ်တိုက်ရမယ့်နေရာကို ရဟတ်ယာဉ်နဲ့ တစ်ခါမှ အပို့မခံရဖူးပါ။ စစ်သားတွေ ဒဏ်ရာရရင် အိပ်ယာခင်းစောင်ကြားကို ၀ါးလုံးနဲ့လျှို ပုခက်လုပ်ပြီး နှစ်ရက်သုံးရက် လူနဲ့ထမ်းပြီး သယ်ရတာပါ။ ရိက္ခာ (၅)ရက်စာဆို (၁၀)ရက်စာ စားရတာပါ။ စစ်ဆင်ရေး (၃)လလောက်ဆို ရဲဘော်တွေဝတ်စုံ ဟာ ချုပ်ရာ၊ဖာရာ အထပ်ထပ် ဖိနပ်ကလည်း ညှပ်ဖိနပ်ဖြစ်နေပါပြီ။ တပ်ကြပ်ကြီးကို မပြောရကောင်းလားလို့ သွားမဆူပါနဲ့ ။သူ့မှာလည်း အားလုံးပေါင်းမှ ရဲဘော်တွေထက် ၀တ်စုံတစ်စုံ လောက်သာ ပိုချမ်းသာတာပါ။ စစ်ကြောင်းရုံးကို ကြည့်လိုက်ပါဦး။ စစ်ကြောင်းမှူးဘောင်းဘီလည်း ဖင်အဖာနဲ့ပါပဲ။ စစ်သည်တစ်ယောက်ဟာ သေနတ်၊ ရိက္ခာ ၊ ကျည်ဆံ၊ ချပ်ဝတ်တန်ဆာနဲ့ဆို ပေါင်(၄၀)လောက်ရှိနေပါပြီ။ စစ်ကြောင်းအဆင့်ဆို ပွိုင့်ဖိုက် ၊ ၈၁ မမစိန်ပြောင်း၊ ပွိုင့်ဖိုက် ကျည်ဆံ (၁၀၀၀)ပုံး တစ်ပုံးဟာ တိုက်ပွဲဖြစ်လျှင် (၅)မိနစ်လောက်ပဲ ပစ်လို့ရပါတယ်။ ဗျူဟာအဆင့်မှာ လာပါပြီ ၁၂၀ မမစိန်ပြောင်းကြီး ဗုံးသီးတစ်လုံးက ပေါင် (၃၀)လောက် ၊စက်ရုံကထုတ်တဲ့ဗူးကိုဖွင့် ပြီး ထမ်းပိုးနဲ့ ရှေ့နောက်ကြိုးချည် ရဲဘော်တစ်ယောက်ကို ထမ်းပိုးတစ်လက်နဲ့ မသိလျှင် ကန်စွန်းဥတွဲလေးတွေကျလို့ ။ ပေါ်တာဆွဲတာကို ကျွန်တော်တို့လည်းမကြိုက်ပါ ဒါပေမဲ့ ရဲဘော်ပဲထမ်းဆို ရဲဘော်တစ်ယောက်ကို ပေါင်(၇၀)လောက် ရှိနေပါပြီ။ စစ်ကြောင်းက တစ်ရက်လုံးမှ (၅)မိုင်တောင် ခရီးမပေါက်ချင်. . . ဒဏ်ရာရလူနာသာပါလျှင် စဉ်းစားကြည့်ပါတော့ ပေါ်တာဆွဲလျှင်လည်း အရေးယူခံရ၊ မဆွဲဘဲ ကိုယ်တိုင်ထမ်းရတော့လဲ တိုက်ပွဲဖြစ်တဲ့အခါ ရန်သူက လက်သီးနဲ့ဆင်းထိုးလျှင်တောင် ခံရတော့မလောက် အလေးအပင်တွေနဲ့ သူများနိုင်ငံ တပ်မတော်တွေလည်း ကြည့်ကြည့်ကြပါ။ စစ်သားဟာ ၀န်တင်နွားမဟုတ်ပါ။
၇။       လူ့အခွင့်အရေးဆိုလို့ ပြောရဦးမယ်။ ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက် ရှေ့တန်းရောက်ဖူးပါသလဲ။ တောထဲကို မရောက်ဖူးဘဲနဲ့တော့ တောရဲ့အကြောင်းကို မသိနိုင်ပါ။ တောမှာ ရဲစခန်းမရှိပါ၊ တရားရုံးမရှိပါ ။တောထဲမှာရှိတာ တောရဲ့ဥပဒေပါ။ အင်အားကြီးတဲ့လူက အင်အားနည်းတဲ့လူကို ချေမှုန်းတာ နားထောင်လို့မကောင်းပါ။ မထောက်ခံပါ ဒါပေမယ့် ကိုယ်ရှင်သန်နိုင်ဖို့ ကိုယ့်တပ်ဖွဲ့ရှင်သန်နိုင်ဖို့ ရုန်းကန်ရာမှာ နည်းလမ်းရွေးချယ်ခွင့်မရှိတော့တဲ့ အခြေအနေတွေ အများကြီး ကြုံတွေ့ရနိုင်တာ။ တစ်ဦးတစ်လေကတော့ ခင်ဗျားတို့ ပြောပြောနေတဲ့ လူသားချင်းစာနာမှုအတွက် သူ့အသက်ကို စတေးချင်စတေးမှာပါ။ ဒါပေမယ့် လူတိုင်းတော့မဟုတ်ပါ။ ခင်ဗျားတို့ထဲမှာ ရန်သူကနှိပ်စက်ပြီး ဓားနဲ့လှီးသတ်သွားတဲ့ ကိုယ့်ရဲဘော် အလောင်းကို ဘယ်သူမြင်ဖူးပါသလဲ ။ ရွာအ၀င်လယ်ကွင်းထဲက ကောက်စိုက်ဟန်ဆောင်နေတဲ့ ရွာသားထင်ရတဲ့သူက သေနတ်နဲ့ တေ့ပစ်တာကို ဘယ်သူခံဖူးပါသလဲ။ ရွာထဲက (၅၇)နဲ့ ထောင်းထမောင်းကြေအောင် ပစ်ခံရလို့ ကိုယ့်ရှေ့မှာပဲ ကိုယ့်ရဲဘော်တွေ ကျဆုံးကုန်တဲ့ သူပုန်နဲ့ရွာသား ခွဲမရတဲ့ တပ်ခွဲမှူးဘ၀ကို ဘယ်သူကိုယ်ချင်းစာဖူးပါသလဲ။ ခင်ဗျားမှာ ဒုတိယနည်းလမ်း ရွေးချယ်ဖို့မရှိခဲ့လျှင် ခင်ဗျားရွာထဲကို ပြန်ပစ်မလား ? ခင်ဗျားတပ်ခွဲ အသေခံမလား?
၈။       ကြံ့ဖွံ့၊ကြံ့ဖွံ့နဲ့ ခင်ဗျားတို့ ဆဲချင်ဆဲပါ ဒါပေမယ့် စစ်တပ်နဲ့ ကြံ့ဖွံ့ ဘာမှမဆိုင်ပါ။ ကြုံ့ဖွံ့ခိုင်းတာလုပ်နေရတာ ကြံ့ဖွံ့အစိုးရနေရာရောက်နေလို့ပါ။ ရဲ ၊ မီးသတ်၊ ရ.ယ.က စွမ်းအား၊စည်ပင် ၊ လ.၀.က၊ အခွန်၊ဆောက်လုပ်ရေး ၊ပညာရေး ၊က ည န ၊ ထွေ/အုပ်ဝန်ထမ်း အားလုံးလိုပဲ စစ်တပ်ကလည်း ၀န်ထမ်းပါ။ ခင်ဗျားတို့ မမေ့ဖို့က ခင်ဗျားတို့မှပြည်သူမဟုတ်ပါ ၀န်ထမ်းတွေအားလုံးကလည်း တက်လာတဲ့အစိုးရခိုင်းတာ လုပ်ရတဲ့ပြည်သူတွေပါ။ ခင်ဗျားတို့ နိုင်ငံရေးသမားအများစုလည်း (၂၂)နှစ်မှာ အနှစ်(၂၀)လောက်က ပုဆိုးခြုံထဲက လက်သီးပြနေတာပါ။ ခုမှ ဘာညာနဲ့တော့ ၀န်ထမ်းများကို လာမပြောစေလိုပါ။ အုပ်ချုပ်တဲ့သူကောင်းဖို့ဆိုတာ အားလုံးမှာတာဝန်ရှိတာပါ။ ခင်ဗျားတို့ အခုလို တစ်ဖက်သတ် ကိုယ့်ကိုယ်ကို ပုံပြင်ထဲကသူရဲကောင်းလို၊ မင်းသမီးလေးလိုလုပ် ကျန်တဲ့သူတွေကိုတော့ ပုံပြင်ထဲကစုန်းမကြီးလို၊ မကောင်းဆိုးဝါးကြီးလို လုပ်နေပုံနဲ့တော့ နိုင်ငံကို ကောင်းအောင်၊ တိုးတက်အောင် အုပ်ချူပ်နိုင်ဖို့ဝေးလို့ (၂)နှစ်(၃)နှစ်လောက်ဆိုရင်ကို ကိုယ့်ပါတီကို နိုင်အောင်အုပ်ချုပ်နိုင်ဖို့ မလွယ်ပါ။

No comments:

Post a Comment