Saturday, February 18, 2012


ရင်ခုန်ခဲ့ဘူးတဲ့ ခံစားမှုလေးကို

 
သိမ်းထားခွင့် ပေးပါ ........

အားကိုးတဲ့ မျှော်လင့်ခြင်းတွေကို
သိမ်းထားခွင့် ပေးပါ .........

ပျော်ရွှင်ခြင်း အိမ်မက်များကို
သိမ်းထားခွင့် ပေးပါ  ............

လေးနှစ်တာ သံယောဇဉ်ကြိုးတမျှင်ကို
သိမ်းထားခွင့် ပေးပါ ...........

နားလည်စွာ ဆောက်တည်ခဲ့တဲ့
ရင်ခုန်သံမှတ်တမ်းကို သိမ်းထားခွင့် ပေးပါ ........

မင်းမရှိတဲ့ နေ့ညတွေမှာ ငိုကြွေးဘူးတဲ့
ဝမ်းနည်း မျက်ရည်တွေကို သိမ်းထားခွင့်ပေးပါ ..........

ယုံကြည်စွာဖြတ်သန်း လက်တွဲခဲ့ဘူးတဲ့
ရက်လနှစ်တွေကို သိမ်းထားခွင့်ပေးပါ ...........

မင်းနဲ့ထပ်တူ အရာရာတိုင်းကို
သိမ်းထားခွင့် ပေးပါ ..........

မင်းကို ငါ့တယောက်ထဲဘဲ
သိမ်းထားခွင့် ၊ သိမ်းပိုက်ခွင့် ပေးပါ ....................

No comments:

Post a Comment