Monday, February 13, 2012



အချစ်ဆိုတာနဲ့
တစ်ခါကြုံတိုင်း
ကိုယ်အသည်းတစ်ခါ
ကွဲရစမြဲပါ

ကိုယ်က မဖြစ်နိုင်တာကိုမှ
မျှော်လင့်သလို
မချစ်နိုင်သူကိုမှ ချစ်ခဲ့တာကို

ချစ်ပါလို့
မတောင်းဆိုပါဘူးနော်
ကိုယ်တို့
နှစ်ယောက်ဟာ
ချစ်သင့်သူတွေမဟုတ်လို့ပေါ့

တိတ်တိတ်လေးခိုးကြည့်ရင်း
(မင်းကိုတစ်ဖက်သတ်ချစ်ရင်းနဲ့လေ)
ကိုယ့်နှလုံးသားတွေ ပဲ့ကြွေနေပါစေ
ချစ်သူရယ်

No comments:

Post a Comment