အချစ်ဆိုတာ..ပြတိုက်
ကာင်မလေး
မင်းရဲ့ အသုံးပြူပုံတွေ မှားနေပြီလို့ ငါထင်တယ်
တကယ်တော့ အချစ်ဆိုတာ
ကစားစရာ မဟုတ်သလို
ခဏတာ အသုံးချခံ တံဆိပ်လည်း မဟုတ်ပါဘူး
မင်းတို့တွေပြောပြောနေတဲ့
အချစ်ဆိုတာ ဘာလဲလို့ မေးရင်
ကဲ...မင်းဘယ်လိုဖြေမလဲ
ဖြေလိုက်ကြပါလိမ့်မယ်
ယောင်ဝါးဝါးနဲ့
အဲဒီအချစ်ဆိုတာကြီးကို
ပေးဆပ်ခြင်းလို့ အမည်တပ်ကာတပ်
ရယူခြင်းလို့ သမုတ်ကာ သမုတ်နဲ့
သိပ်ကို ဟုတ်နေကြလို့ပေါ့
ငါ ထပ်မေးမယ်
မင်း သိပ်ချစ်ပါတယ်ဆိုတဲ့ သူရဲ့အပြစ်တွေကို
မင်းချစ်နိုင်ပါ့မလား
သူရဲ့ အားနည်းချက်ကို တွေ့ရင်ကော
မင်း ဆက်လက်တွဲနိုင်ပါ့မလား
ငါ့အထင်ပြောရရင်
မင်းတို့မှာ အချစ်စစ်ဆိုတာ
ရှိကောင်းရှိနိုင်ပါလိမ့်မယ်
ဒါပေမယ့်
ဘ၀ရဲ့ ရည်မှန်းချက် အကျိုးစီးပွါး နဲ့ အတ္တတွေ
ပိုင်းခြားကန့်သတ်ချက်တွေအောက်မှာ
အချစ်စစ်ဆိုတာ ကွယ်ပျောက်နေပါလိမ့်မယ်
တစ်ကိုယ်ကောင်းဆန်တတ်တဲ့ ဆက်ဆံမှု့တွေ
တိုးတက်လာတဲ့ အချိန်ခါမို့
ကိုယ့်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့်
ချစ်တယ်ဆိုတဲ့ သူကိုသာ
ရွေးချယ်လာတတ်ကြတဲ့ ခေတ်ကြီးထဲမှာ
အချစ်ဆိုတာ
မင်းတို့ရဲ့ ဟိုး......အဝေးဆုံးတစ်နေရာမှာ...။
No comments:
Post a Comment