Thursday, February 2, 2012

အမည်မဲ့


လှုပ်ရှားမှုတိုင်း
ရင်ကို လှုပ်ခတ်
ငေးမောရပြီ
ပန်းတစ်ပွင့်လို
လှတဲ့သူ။

စွဲလမ်းမှု
စိတ်အစဉ်
မောဟိုက်ရပြီ
လပြည့်ဝန်းလို
အေးချမ်းတဲ့သူ။

လှရက်သူမို့
မျက်ဝန်းမှာ
အစဉ်သာပေါ်
တန်ဖိုးထားကာ
ချစ်ရတဲ့သူ။

ချစ်စိတ်တွေ
တားဆီးမရ
စွန့်လွှတ်အနစ်နာခံ
ပေးဆပ်ပြီး
ချစ်သွားမယ့်သူ
ငါ . . . ။

No comments:

Post a Comment