Thursday, February 9, 2012

ရင်ကွဲတိမ်တိုက်တွေ အကြောင်း..


နှလုံးသားထဲက
ငိုသံတွေကို..
ဘယ်သူထပ်တူ
ခံစားနားလည်နိုင်မှာတဲ့လဲ..။
ငါ့နှလုံးသားဟာ
တပါးသူရဲ့
ချစ်သူထံမှာ
ငါ့ကိုယ်တိုင်
ယစ်ပူဇော်ထားတယ်.. ။
 
အဲဒါ..
ဝဋ်ကြွေးလား..
ငါ့ချစ်သူ..
သူ့အတွက်ပဲလေ..။
သူ့အပြုံးတွေ
ငါမပိုင်တဲ့ အခါ..
နှလုံးသားဟာ
ကြေမွ..အက်ကွဲ..။
ဟိုး.. ခပ်ဝေးဝေးက
မုန်သုန်နဲ့အတူ..
ငါ့ဝိဥာဉ်..လွင့်..ပါ..သွားတယ်..။

No comments:

Post a Comment