Friday, February 17, 2012

လောကမှာ

မသွားချင်ဘဲ ရောက်တာက
        “သုသာန်”
သွားချင်ပြီး မရောက်တာက
        “နိဗ္ဗာန်”
မပေးပါဘဲ ယူမိတာက
    “အကုသိုလ်”
မယူပါဘဲ ပေးလိုက်တာက
     “ကုသိုလ်”
မလိုချင်ဘဲ ရနေတာက
       “ဒုက္ခ”
လိုခြင်းပြီး မရတာက
        “သုခ”
မလိုက်ချင်ဘဲ လိုက်ရတာက
       “သေခြင်း”
လိုက်ချင်ပြီး မလိုက်ရတာက
       “ရှင်ခြင်း”
မခေါ်ပါဘဲ ရောက်လာတာက
       “သောက”
ခေါ်ရဲ့သားနဲ့ မရောက်လာတာက
        “မေတ္တာ”
မဖြစ်ချင်ဘဲ ဖြစ်လာတာက
      “ကွေကွင်းမှု”
ဖြစ်ချင်ပြီး မဖြစ်လာတာက
        “ဆုံဆည်းမှု”
 

သင်ဘယ်ကလာသနည်း မသိနိုင်ပါ
သင်ဘယ်ကိုသွားမည်နည်း မသိနိုင်ပါ
သင်မသိဘူးလား ဆို သိပါသည်
သင်သိသလား ဆို မသိပါ
အစိုးမရတဲ့ ဒီမေးခွန်းတွေ
အနီးအဝေးတောင် ခရီးပြေးမမြင်
ဘ၀ခန္ဓာရနေသမျှ သေ ပျက် ဆင်းရဲ ထပ်တလဲလဲပေါ့…
တစ်ဘ၀ထဲမှမဟုတ် ဘ၀တိုင်းဆိုင်တဲ့
ဘုံဆိုင်ဆင်းရဲသား
အို နာ သေ ကြိုးဆွဲသမျှတော့
သက်တမ်းစေ့ အာမခံမရှိ
အနှေး အမြန် အရင် နောက်
ဒီလောက်လေး ကွာရုံသာပဲ
သေကံ ဧကန် ရှိနေတာမို့
သေတိုင်းလည်း ပြီးမထင်နှင့်
အ၀ိဇ္ဇာ တဏှာ မပြတ်သေးသရွေ့
တစ်ဖန်အသစ် ဘ၀ခန္ဓာ
သွားချင်ရာ သွားခွင့်မရ
ကုသိုလ်များပြန်  ကုသိုလ်နောက်လိုက်
အကုသိုလ်များပြန်  အကုသိုလ်နောက်လိုက်
ထိုသို့အရေး  နောင်မျှော်တွေးလို့
ကိုယ်ပိုင်ကောင်းမှု  အချိန်မီပြုကာ
အသိ၊  သတိ၊  ဥာဏ်
တွေးဆကြံလို့  သံသရာခရီးဝေး
အနီးအဝေး  တွေးစပါ....။။

No comments:

Post a Comment