Thursday, February 2, 2012

လေးနက်မှု





တစိမ့်စိမ့်တွေးလို့
ချစ်စိတ်တွေပေါ်
ရင်ခုန်သံ စည်းချက်များ
ရင်ခွင်မှာ လှိုင်းခတ်လောက်အောင်
မြတ်နိုးတွယ်တာ ချစ်ရသူပါ။

အချစ်စစ်က မာနကြီးလို့
အထိမခံ ဖြစ်လို့နေလဲ
မင်းက ငါ့အတွက်
အချစ်ဦးမို့
ရူးလောက်မတတ် ချစ်ရသူပါ။

ငါ့ဘ၀အတွက်
တစ်ခုထဲသော အရေးပါမှု
မင်းဖြစ်နေလို့
အရာအားလုံး
အရှုံးပေးပြီး ချစ်ရသူပါ။

No comments:

Post a Comment