Wednesday, February 1, 2012

အမွှာကောင်းကင်

မျက်လုံးတွေထဲက အမွှာကောင်းကင်။
တခုက ကမ္ဘာမြေရဲ့ အထက်မှာ
ကြယ်တွေ ပြည့်နှက်လျက်


တိကျသေချာတဲ့ ဘုရားဖူး လမ်းညွှန်မြေပုံ။
နောက်ထပ် ကမ္ဘာမြေအောက်က ကောင်းကင်တခု
လေးလံ မဲမှောင်တဲ့ ကောင်းကင်
ရတနာတွေ အပြည့်အမောက်
ဆုံးရှုံးခြင်း မြေပုံ
နောက်ဆုံး မျှော်လင့်ချက်။

No comments:

Post a Comment