Wednesday, February 29, 2012
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ သရုပ်ဆောင်ရဲတိုက်နှင့် ရွေ့လျားစကား ပြောစင်မြင့်
ဟဲဟိုးမြို့ကျောက်တိုင်ကွင်းတွင် ဆယ်ဘီးကားပေါ်တွင်ပြင်ဆင်ထားသော ရွေ့လျားစကားပြောစင်မြင့်ကိုတွေ့ရစဉ်။ ဓါတ်ပုံ-မွန်မွန်မြတ်
» ဒီမိုကရေစီကို ကာကွယ်သည့် တပ်မတော် ဖြစ်သင့်ဟု NLD ပြော 
တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်သည့် အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍတွင် ပါဝင်သင့် ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ၀င်ရောက်အရွေးခံမည့် ဦးဖြိုးမင်းသိန်းက ယနေ့သွားရောက်သည့် ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွင် ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးမြို့နယ် စည်းရုံးရေး ခရီးစဉ်တွင် ဦးဖြိုးမင်းသိန်း(လက်မြှောက် ထားသူ) ကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)
ကျောင်းတိုက်မှ ထွက်ခွာပေးမည်မဟုတ်ဟု ဦးဃောသိတ ဆို
အနှင်ခံရသူ ဦးဃောသိတ
ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)
သုံးရက်အတွင်းကျောင်းမှ ဆင်းပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ အမိန့်ထုတ်ပြန်ခြင်း ခံခဲ့ရသော်လည်း မိမိအနေဖြင့် လက်ရှိနေထိုင်သည့် လိပ်ပြာကန်ကျောင်းမှ ထွက်ခွာပေးမည် မဟုတ်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်သူ ဦးဇင်းဦးဃောသိတက ပြောကြားသည်။
နိုင်ငံရေးလုပ်ရင် အရေးယူမယ်လို့ ကျောင်းအုပ်ကြီး ပြော 
ရန်ကုန်တိုင်း အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့ပတ်သက်ရင် ကျောင်းထုတ်ခံရမယ်လို့ မနေ့က ခေါ်ယူ ပြောဆိုကြောင်း သတင်းရရှိပါတယ်။
RFA
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ 
ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတို့၏ ယာယီနိုင်ငံကူးလက်မှတ်များအား ၄ လသက်တမ်းတိုးမြှင့် ပေးလိုက်ကြောင်း ကြေငြာ
ဖေဖော်ဝါရီလ ၂၈ရက်နေ့၌ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေများ၏ယာယီနိုင်ငံကူးလက်မှတ်တွေများအား 
ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု သတင်းစာရှင်းလင်းပွဲ
၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၂၉ရက်နေ့ညနေ ၄နာရီအချိန်ခန့်တွင် ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့ဝင် ၁၁ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ လာရောက်တွေ့ဆုံခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲပြီးဆုံးပါက ဥရောပပါလီမန်မှ ချီးမြှင့်သော Sakharov ဆုကို လာရောက်ယူရန် ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံသို့လဲ အခြားသော ထောက်ပံ့ပေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
» နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် လူထုနဲ့ တွေ့ ဆုံမယ့် နေရာခွင့်ပြုချက်မရကြောင်း ဦးဖြိုးဇေယျာသော်နှင့် ဆက်သွယ်မေးမြန်းချက် 
NLD ကိုယ်စားလှယ်လောင်ဦးဖြိုးဇေယျာသော်
မတ်လ၆ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လူထုနဲ့ တွေ့ဆုံမယ့် နေပြည်တော် ပုဗ္ဗသီရိမှာ နေရာခွင့်ပြုချက်မရ။ မြို့နယ်အုပ်ချုပ်ရေးက ကန့်ကွက်နေတဲ့အကြောင်း။ 
NLD ကိုယ်စားလှယ်လောင်ဦးဖြိုးဇေယျာသော် ကို
ဒီဗွီဘီမှ ဦးသန်းဝင်းထွဋ် ဆက်သွယ်မေးမြန်းထားတာပါ။
စက္ကန့်တိုင်းမှာ
ရင်ခွင်တစ်စုံကြား
သိုဝှက်ကာထားပါသော်လည်း
နှောင်ကြိုးတံခါးကို
သံယောဇဉ်ဆန္ဒတစ်စုံက
ဖွင့်ခွင့်ပေးခဲ့လေသလား
မေတ္တာလက်တစ်ဖက်
ကမ်းဆက်မိချိန်မှာတော့
တမ်းတခြင်းများက
ကုဋေကုဋာ…
လူသားလမင်း
အလင်းနှင့်အအေး မျှကာပေး၊
လောကလူသား ငြိမ်းချမ်းစေဖို့၊
 အဝေကနေ ပြုံးပျော်ရွှင်လျှက်၊
ကျေးဇူးပြုတာ လမင်းပါ။
စောင့်စားခဲ့ရတဲ့
အလွမ်းတွေအတွက်
ကြမ်းတမ်းတဲ့လမ်းထက်
အလွမ်းနေ့ရက်တွေ
အဆစ်ပေးလေတော့
လှမ်းရမယ့်လမ်းအတွက်
အခန်းဆက်ကရှည်လွန်းတယ်။
နင်သိပါ့မလား
မျှော်လင့်ခြင်း
ရောင်ခြည်လေး
အနားကဖြတ်အပြေးမှာ
အမိအရဖမ်းဆုပ်မိတယ်
★" ရာသီပြန် ဆောင်း "♪♫
လရိပ်ဝေကာ…
နှင်းမှုန်တွေ ဖြာကျနေတဲ့….
ဆောင်းညချမ်းလေး .. တစ်ခါဆီက..
နင်.. နင်းလျှောက်ခဲ့တဲ့…
အချစ်လမ်းကလေးမှာ..
ငါ့နှလုံးသားကို .. ချခင်းပေးထားခဲ့တာ…
နင်သိမှာပါ ချစ်သူရယ်…..။
တကယ် ဆိုရင်…
နင် ပေးခဲ့တဲ့.. သမုဒယတေးက..
ငါ့ နှလုံးသွေးနဲ့ ရေးမှ…
★" မမုန်းရက်တဲ့ အချစ်"♪♫
မမုန်းရက်တဲ့ ချစ်သူရေ…
ငါတို့တွေ့စ… မေ့မရချင်..
ရင်ပင်လယ်မှာ... အလှဆုံး အပြုံး..
ဖုံးအုပ်ကာထား... နှလုံးသားကျွန်း..
ပီတိရွှန်းဝေ.. အချစ်တွေပြည့်..
သောကနွေကို… မေ့နေခဲ့ပါတယ် ချစ်သူ …။
တစ်ကယ် နှစ်ကယ်… သုံးလေးကယ်...
★"မုန်းထိုက်လို့"♪♫
အခါတစ်ရာမက.. ငါထာဝရ…
ဆိုးခဲ့သမျှ.. အပြစ်မယူ…
ကြည်ဖြူခဲ့တဲ့.. အချစ်ဆုံး နင်…
ခင်တွယ်ချင်စရာမဲ့.. နာကျင်စရာတွေ အပြည့်နဲ့…
ရက်စက်ခဲ့ အခါခါ.. မညှာတာတတ်တဲ့ငါ…
အချစ်ဆုံး နင့်အတွက်… အဆိုးဆုံး ချစ်သူပါ…။
★" အိမ်မက်သခင်"♪♫
အိမ်မက်သခင်ရေ ...
မင်းဖိတ်ခေါ်ခဲ့တဲ့ ... ၀င်္ကပါလမ်း ...
မဟူရာရောင် ခြုံလွှမ်း ... ကြမ်းတမ်းကာ ခက်ထရော် ...
ဖ၀ါးတော် နုနု .... သွေးခြေတွေ ဥလို့ ...
ခြေချော်ကာ ... လဲကျလုပါစေ …
ငါအရောက်လာ ... လှမ်းခဲ့တာ ...
ဘယ်လို ... တပ်မက်မှုမျိုးလဲ ...
မင်း ..... ဆန်းစစ်ခဲ့ပါရဲ့လား... အိမ်မက်သခင် .....။
★ နှလုံးသား ဈာပန Anniversary ♪♫
“Anniversary ဆိုတာ ….
အမှတ်တရ .. အနန္တကို …
တမ်းတစွာ .. ဖက်တွယ် …
နှစ်ပါတ်လည် .. ရောက်လေတိုင်း …
ပျော်ရွှင်စွာ ကျင်းပတဲ့ .. အခမ်းအနား တစ်ခုလို့ …
သိမှတ်ကာ .. ယုံကြည်ခဲ့ဖူးတာ …
ငါ လူမှန်း သိတတ်စကတည်းကပါ မောင် …..။
★“ ဆောင်း အိမ်မက် မောင် ”♪♫
မင်းမရှိတော့တဲ့... ဒီကမ္ဘာရဲ့..
မိုးကောင်းကင်အောက်က.. မြေပြင်လွှာအပေါ်မှာ...
ငါ.. တစ်ယောက်တည်းပါ မောင်......
မြတ်နိုးတမ်းတရပါသော ... ဆောင်းအိပ်မက် မောင်ရေ..
                                                      ★သူငယ်ချင်းလေး
သူငယ်ချင်းလေးရေ....
ထင်မှတ်မထားသော.. ကံကြမ္မာ....
ဆုံခွင့်ပေးတဲ့... ဒီဖူးစာက...
Internet ရဲ့.. ကျေးဇူးပါနော်.....။
မင်းနဲ့ ခင်မင်ခွင့် .. ရခဲ့တဲ့. အဖြစ်..
ဆယ်ကမ္ဘာတောင်.. မေ့မပစ်နိုင်ဘူး..
                                                 သေမင်းကိုစိန်ခေါ်သူ ”
နာရီသံ တစ်ချက်ချက်က
“ ဇရာ ”ဆိုတဲ့အရာကို
လက်ယပ်ခေါ်နေသလို
နုပျိုခြင်းကို ကုန်ဆုံးစေခဲ့။ ။
ရှေ့မှာမှန်တစ်ချပ်ချ
မနေ့ကတွေ့ခဲ့တဲ့ “ငါ”
ပြန်ရှာကြည့်မိတော့
ပြန်မလာတော့ဘူးတဲ့။ ။
“ နှလုံးသားဖျားနေသည် ”
မျက်စိရှေ့မှာ ပျောက်ဆုံးသွားတဲ့
ပြက္ခဒိန် စာရွက်တစ်ခု
နောက်တစ်နေ့လို့ခေါ်တဲ့
ဒီနေ့ရဲ့ အာရုဏ်ဦး
သတိရမှုတွေနဲ့ နိုးထခဲ့တယ်
ပြီးသွားပြန်ပြီ
ရင်ကွဲနာကျ သေဆုံးသွားတဲ့
နေ့တစ်နေ့တော့
လိုက်ပို့သူမရှိ ငိုကြွေးသူနတ္ထိ
                                                         မျော်လင့်သူ ”
ယုံကြည်မှုဆိုတာ
ပိရမစ်တွေလောက်
တည်ဆောက်ရတာမလွယ်ဘူး
လောလောဆယ်တော့
သံသရာမိုးတွေပဲ ရွာနေခဲ့တယ်
ဘာအချိန်းအချက်မှ မရှိပါပဲ
လမ်းခွဲတွေနဲ့ ဖူးစာဆုံနေဦးမလား
အတွေးမခေါင်တော့ပါဘူးလေ
သံသရာဆိုတာ အရောဝင်လို့
“ ချစ်သူသို့”
ကောင်မလေး
ကောင်းမွန်တဲ့ပဌန်းဆက်ကြောင့်
ဒီဘဝလူဖြစ်လို့
မင်းနဲ့တွေ့ခွင့်ရခဲ့တယ်
မင်းပုံရိပ်သွင်ပြင်လွှာကို
ငါ့ဦးနှောက်ထဲမှာ
စွဲမြဲနေခဲ့တယ်
ကောင်မလေးရယ်
“ ချစ်သူသိစေချင် ”
မိုးလင်းတိုင်းသတိရတတ်တာ
မိုးချူပ်တိုင်းတမ်းတတတ်တာ
အိမ်မက်တိုင်း မင်းကိုစွဲလမ်းတာ
အမြဲတမ်းမင်းကိုတွေ့ချင်တာ
အချိန်တိုင်းမင်းအသံကြားချင်တာ
ပြော…..ဆိုတော့လည်း
“ ငါဖြစ်ချင်တယ် ”
ရင်ခုန်ခြင်းမရှိပဲ တည်ငြိမ်နေတဲ့
နင့်နှလုံးသားကို လှုပ်နိုးသက်ဝင်စေတဲ့
သူဟာ ငါဖြစ်ချင်တယ်…..
အထိအတွေ့တွေကို မတုန်လှုပ်တဲ့
နင့်ကို ပျာယာခတ်လောက်အောင်
ရင်ခုန်စေတဲ့သူဟာ ငါဖြစ်ချင်တယ်…..
မချစ်ဖူးတဲ့နင့်ကို ချစ်တတ်အောင်
သင်ပေးတဲ့သူဟာ ငါဖြစ်ချင်တယ်…..
နင့်ရဲ့နှလုံးသားကို ပိုင်ဆိုင်မဲ့
နင့်ရဲ့ချစ်သူဟာလည်း
ငါပဲဖြစ်ချင်တယ်…..
တဆိတ်လောက် ချစ်ကြည့်စမ်းပါ
ချစ်သူ……………….♥♥♥
ချစ်သက်သေ
I ♥ YOU
ချစ်သူအတွက်......
ချစ်တယ်ဆိုတဲ့
စကားကိုပလီပလာ
တီတီတာတာနဲ့လည်း
မပြောချင်ဘူး....
ရင်မှပေါက်ဖွား
အချစ်များအား
ဖွင့်ဟရွတ်ဆို
ရွှေနားတော်သွင်း
ဆိုအပ်ခြင်းက
ငါ့မင်းကိုအရမ်း
ချစ်တယ်......
ဘုရားသုံးဆူ ဝင်းကရွာမီး ဘတ်သန်း ၇၀ ကျော် ဆုံးရှုံး
threepagodafire
ဝင်းကရွာ မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းတန်ဖိုး ထိုင်းဘတ်ငွေ သန်း ၇၀ ကျော် (မြန်မာငွေ သန်းပေါင်း ၁,၈၀၀ ကျော်) ဆုံးရှုံး (ဓါတ်ပုံ မဇ္ဈိမ)
မန္တလေး မဟာသတျသီဟဘုရား ညောင်ပင်မှ ဘုရားကျောက်ရုပ်ပွားတော် တွေ့ရှိ
ဒ်ါအောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးစဉ် အချိန်ဇယား
ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)
နက်ဖြန် နံနက် ၉ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် ကလောမြို့သို့ အဲမန္တလေးလေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဥရောပ ပါလီမန်အမတ်နှင့် အာဆီယံကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံ 
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီလ(၂၉)ရက်နေ့ မွန်းလွဲပိုင်းမှာ ဥရောပ ပါလီမန်အမတ်နှင့် အာဆီယံကိုယ်စားလှယ် အဖွဲ့ အား နေအိမ်မှာလက်ခံ တွေ့ဆုံခဲ့ကြောင်းသတင်းရရှိပါတယ်။
ဥရောပ ပါလီမန်အမတ်နှင့် အာဆီယံကိုယ်စားလှယ်အဖွဲ့ ဥက္ကဌ H.E.Dr Werner Langen နှင့် အတူတွေ့ရသော ဒေါ်အောင်ဆန်းစုကြည်
ဒီဗွီဘီသတင်းထောက်များ ပြည်တွင်းတွင် သတင်းလာယူခွင့် အစိုးရသဘောတူ
ဒီမိုကရက်တစ်မြန်မာ့အသံက သတင်းထောက်တွေ ပြည်တွင်းမှာ တရားဝင်လာရောက် သတင်းယူဖို့ မြန်မာအစိုးရက သဘောတူလိုက်ပါတယ်။
ဦးအေးချမ်းနိုင်နှင့် ဦးကျော်ဆန်း တွေ့ဆုံစဉ် (ဓာတ်ပုံ - ဒီဗွီဘီ)
ချင်းတွင်းမြစ်သဲသောင်ဖြစ်ထွန်းမှုကြောင့် မင်းကင်းဆိပ်ကမ်းသို့ ရေယာဉ်များ ဆိုက်ကပ်မရတော့
 သဲသောင်ဖြစ်ထွန်းမှု များပြားသဖြင့် ရေနည်းပြီး ရေယာဉ်များဆိပ်ကပ်မရတော့သော မင်းကင်းဆိပ်ကမ်းကို တွေ့ရစဉ်။ ဓာတ်ပုံ- မျိုးမင်းဦး
ချစ်သူများနေ့တွင် လင်မယားစကားများရန်ဖြစ်ရာမှ ယောက်ျားသေဆုံး
မုံရွာ၊ ဖေဖော်ဝါရီ- ၂၂
မုံရွာခရိုင်၊ဘုတလင်မြို့နယ်၊ ကင်းစမ်းကျေးရွာတွင် ယခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်(ချစ်သူများနေ့) ညနေ(၆)နာရီအချိန်ခန့်တွင် လင်မယား စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူကခင်ပွန်းဖြစ်သူအား ရေပုံးထမ်းထန်းလက် ရေထမ်းပိုးနှင့်ရိုက်နှက်ရာမှ လင်ယောက်ျား ဖြစ်သူသေဆုံးခဲ့သည်။
» အလုပ်အကိုင် အခွင့်အလမ်းပြပွဲတွင် ကုမ္ပဏီ ၅ဝ ကျော် အလုပ်လျှောက်လွှာ လက်ခံ၍အင်တာဗျုးမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသော ပထမအကြိမ် အလုပ်အကိုင်အခွင့်အလမ်းများ ပြပွဲကို မတ်လ ၁၇ ရက်မှ ၁၈ ရက်နေ့ အထိ ကုန်သည်/စက်မှု အသင်းချုပ်၌ 
ငါးမင်းဆွေ သုံးခွမြို့ မှာ ဒေါ်စု နှင့် NLD ကို သိက္ခာကျ အကြည်ညိုပျက်အောင် ရေးသားထားသည့် စာရွက်များ လိုက်လံဖြန့် ဝေ
ငါးမင်းဆွေ သုံးခွမြို့ စာရွက်လိုက်ဖြန့် နေပုံ
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းနှင့် ၂၉ ရက်နေ့ မနက် ၁၀း၀၀ အချိန်ထိ ငါးမင်းဆွေမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို သိက္ခာကျ အကြည်ညိုပျက်အောင် ရေးသားထားသည့် စာရွက်များကို သုံးခွမြို့နယ်မှ ဒေသခံ ပြည်သူလူထုတွေကို လိုက်လံ ဝေငှနေပါတယ်။ 
ပုသိမ်မြို့ မှာ အမဲသားဈေးကျရေး တောင်းဆိုသူ ၁၆ ဦး တရားစွဲခံရ
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အမဲသားဈေး ကြီးမြင့်လွန်းနေတဲ့အပေါ် ကန့်ကွက် တောင်းဆိုသူ ၁၆ ဦးကို စည်ပင်သာယာက တရားစွဲဆိုထားပါတယ်။
အမဲသားဈေးကျဆင်းရေး တောင်းဆိုနေကြစဉ်
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အမဲသားဈေး ကြီးမြင့်မှုနဲ့ ပတ်သက်လို့ လေလံပွဲရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့သူ ၁၆ ဦး ၀တ္တရား နှောင့်ယှက်မှုနဲ့ တရားရင်ဆိုင်နေရတာပါ။
သူတို့တွေက ပုသိမ်မြို့မှာ အမဲသားလေလံတွေကို တဦးတည်းက ၅ ခုကို ဆွဲယူပြီး  စိတ်ကြိုက် ဈေးတင်ခြင်း မဖြစ်သင့်ဟု ဆိုကာ ဒီလ ၂ ရက်မှာ ဆန္ဒ ထုတ်ဖော်ခဲ့တဲ့အတွက်  ရဲက ဖမ်းဆီးပြီး စည်ပင်သာယာက တရားစွဲတာပါ။
၅၀၀၀ တန်ဖုန်းကဒ်ရရှိရေး လူတစ်သောင်းကျော်နှင့် ပါတီအချို့၏ လက်မှတ်များ သမ္မတထံတင်ပို့
ဖြိုးဖြိုး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ နယ်ရှိ ရွှေလက်ချောင်းသာရေး ကူညီမှုအဖွဲ့မှ ဦးစီး၍ ၅၀၀၀ တန် ဖုန်းကဒ်ရရှိရေးအတွက် လူထု တစ်သောင်းကျော်နှင့် ပါတီအချို့ ၏ ထောက်ခံလက်မှတ်များကို မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တင်ပို့ရာ ပြည် သူ့လွှတ်တော်သို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင် ရွှေ လက်ချောင်း သာရေးကူညီမှုအဖွဲ့ဥက္ကဋ္ဌဦးဗအုပ်ခိုင်Weekly Express Times သို့ ပြောကြားသည်။
ဟိုတယ်ဝန်ထမ်းအား ပါးရိုက်မှု နောက်လ ၉ရက်သို့ ထပ်မံချိန်းဆို
တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်ရန် အားပေးသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ ပြောကြား
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Wu Bangguo တို့အား တွေ့ရစဉ်
ယနေ့ နံနက်ပိုင်း တောင်တွင်းကြီးတွင် မီးလောင်မှုဖြစ်ပွါး လူတဦးသေဆုံး
မကွေးတိုင်း တောင်တွင်းကြီးမြို့တွင် 29-2-2012 နံနက်အစောပိုင်း ၃နာ၇ီကျော်ကျော် (မြန်မာစံတော်ချိန်)တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ 
ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံရောက်
ဥရောပပါလီမန်အမတ် ဒေါက်တာ ၀ါနာလယ်န်ဂင် (Dr. Waener langen)
ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ အဖွဲ့ဝင်(၁၁)ဦးပါ၊ အာဆီယံနိုင်ငံများနဲ့ဆက်ဆံရေး ဥရောပပါလီမန်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ၊ မနက်ဖန် ဗုဒ္ဓဟူးနေ့ ဖေဖေါ်ဝါရီ (၂၉) ရက်မှာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီးတော့၊ ဒါဟာ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ ဥရောပပါလီမန်အဖွဲ့ရဲ့တရားဝင်ကိုယ်စားလှယ်အဖွဲ့ကို 
ရွှေနံ့သာတောင်သူအချို့အား မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခေါ်ယူတွေ့ဆုံ
မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ ကျေးရွာအုပ်စုရှိ တောင်သူများ ဖြစ်သည့် ဦးကျော်စိန်(ဘ)ဦးမင်း အပါအ၀င် ၇ ဦးအား မင်္ဂလာဒုံ မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွင် ဖေဖော်ဝါရီလ ၂၈ ရက် နေ့၊ နေ့လယ် (၁)နာရီခန့်တွင် မြို့ နယ်ရဲတပ်ဖွဲ့မှူးမှ ခေါ်ယူတွေ့ဆုံ ၍ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်း ရေးပါတီမှ ပြုလုပ်မည့် ““မြေယာ နှင့်ဖွံ့ဖြိုးရေး””ဟောပြောပွဲသို့၎င်းတို့တက်ရောက်မည့် ကိစ္စနှင့်ပတ် သက်၍ ပြောကြားခဲ့ကြောင်းသိရ သည်။
တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇခုံရုံး ဆုံးဖြတ်ချက် ချတော့မည်                                         
ချင်းမိုင် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့် တောင်းဆိုချက်များအား ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေး ကော်မတီက ကြာသာပတေးနေ့တွင် ဆုံးဖြတ်ချက်ချ မည်ဟု အလုပ်သမားများကို ကူညီပေးနေသည့် ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။
လှိုင်သာယာမြို့နယ် အလုပ်သမားရုံးတွင် ခုံရုံးဖွဲ့ကာ အလုပ်ရှင် အလုပ်သမား သက်သေခံချက်များ တင်သွင်းခြင်း၊
မေးမြန်စစ်မေးခြင်း၊ ပြန်လှန်စစ်မေးခြင်းများကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီက ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ခဲ့သည်။
"မနက်ဖြန်တော့ အမိန့်ချဖြစ်လိမ့်မယ်လို့ ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီ ဥက္ကဋ္ဌ ဦးစောစိုးတင့် ကနေပြီးတော့
ညွှန်ကြားတယ်ဗျာ။ ကျနော်တို့က အဲဒီအမိန့် ဘာများဖြစ်လာမလဲလို့ စောင့်နေတယ်။ ဒီခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကိုဖိုးဖြူက ပြောသည်။
taiye2
အလုပ်သမား ၁၈၀၀ ကျော်၏ ဆန္ဒပြခြင်းခံနေရသော လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံအား ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
Tuesday, February 28, 2012
ဆင်းရဲမွဲတေမှု လျော့ချရေးကို ဦးသိန်းစိန်အစိုးရက လုပ်ဆောင်နေပါသည်
ဆင်းရဲမွဲတေမှု လျော့ချရေးကို ဦးသိန်းစိန်အစိုးရက လုပ်ဆောင်နေပါသည်။ နိုင်ငံသားတွေကလည်း ပါဝင်နေကြသည်။ နိုင်ငံရေးပါတီတွေကလည်း ဆင်းရဲမှုလျော့ကျအောင် အလုပ်အကိုင် အခွင့်အလမ်း များပြားအောင် ဖန်တီးပေးမယ်ဆိုပြီး မဲဆွယ်စည်းရုံးနေကြသည်။ စီးပွားရေးပညာရှင်တွေ၊ စီးပွားရေးဘွဲ့ရတွေကလည်း Seminar လေးတွေ လုပ်ပြီး ဆင်းရဲမွဲတေမှု လျော့ကျအောင် ဆွေးနွေး အဖြေရှာနေကြသည်။ အားလုံးသော 
နည်းပညာ အသုံးပြု သင်ကြားရေး စနစ်သစ်သို့
နည်းပညာကို ပညာရေးမှာ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ လိုအပ်တယ်။  နိုင်ငံကြီး အချို့မှာတောင်မှ ကျောင်းသားတွေအတွက် နည်းပညာ အသုံးပြုနိုင်စွမ်းကို အပြည့်အဝ ဖန်တီးပေးနိုင်ခြင်း မရှိသေးဘူး။ ဒါပေမဲ့ ပညာရေး နယ်ပယ်မှာ နည်းပညာ အသုံးပြုရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြတယ်။ ဒီသတင်းတွေက မထူးဆန်းတော့တဲ့ သမားရိုးကျ သတင်းတွေပါပဲ။ သတင်းအသစ် မဟုတ်ပေမဲ့ နက်နက်ရှိုင်းရှိုင်း ပြန်လည်ဝေဖန် သုံးသပ်ရမယ့် ကိစ္စဆိုတာတော့ ငြင်းမရဘူး။
ဒေါ်စု ပြိုင်ဘက် ကြံ့ဖွံ့ အမတ်လောင်းနှင့် မေးမြန်းခန်
USDPကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အဖွဲ့ဝင်များ မဲဆွယ် စည်းရုံးနေစဉ်
 ကော့မှုး မြို့နယ် မဲဆန္ဒနယ်မှာ ဒေါ်အောင် ဆန်း စုကြည်ကို ဝင်ပြိုင်ခွင့် ပေးလိုက်ပြီ ဖြစ်ပြီး သူနဲ့ယှဉ်ပြိုင်မယ့်ကြံ့ခိုင် ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုးမင်း ကို ဘီဘီစီက ဆက်သွယ် မေးမြန်းခန်းကို အတိုချုံး ဖော်ပြ လိုက်ပါတယ်။
ပြည်သူတွေ နေပူမှာစိုးလို့ နေညိုချိန်မှာ မဲဆွယ်ခဲ့တဲ့ သုံးခွ ခရီးစဉ် (ရုပ်/သံ)
ပြည်သူတွေ အနေနဲ့ ကိုယ်လိုချင်တဲ့ အစိုးရမျိုးကို ကိုယ်ကိုယ်တိုင် တင်မြှောက်နိုင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို
တိုက်တွန်း လိုက်ပါတယ်။ ပြည်သူလူထု သောင်းနဲ့ချီ တက်ရောက်လာခဲ့တဲ့ သုံးခွမြို့နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်
လူ ထောင်နှင့်ချီ အားပေးခဲ့ကြသည့် ပန်းဘဲတန်း အန်အယ်ဒီ ရုံးခန်းသစ် ဖွင့်ပွဲ 
ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းသစ်ဖွင့်ပွဲ
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ၂၈ လမ်းနဲ့ မောင်ထော်လေးလမ်းကြားမှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ရုံးခန်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက
ကျင်းပ ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်များဖြစ်တဲ့ နာယက ဦးတင်ဦးနဲ့ ဟံသာဝတီ ဦးဝင်းတင်တို့က တက်ရောက် ဖွင့်လှစ် ပေးခဲ့ကြပြီး ပန်းဘဲတန်းမြို့နယ်မှ
ပြည်သူများ ထောင်နှင့်ချီ တက်ရောက် အားပေး ခဲ့ကြပါသည်
အားကစားဝန်ကြီးဦးတင့်ဆန်း နှင့် ပြည်သူ့ လွှတ်တော်ဆောက်လုပ်ရေးလုပ်ငန်း
အားကစားဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း အား အားကစားဝန်ကြီးဌာနမှာသာဆက်လက်ထားရှိတော့မှာ
ဖြစ်ပြီး ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးနေရာအား 
မကြာခင် အခြားတစ်ဦးအား ခန့်အပ်တော့မည်ဖြစ်ကြောင်း
ဝန်ကြီးနဲ့ နီးစပ်သူတဦးထံမှသိရပါတယ်။
အားကစားဝန်ကြီးဦးတင့်ဆန်း ဟာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်
 အာဏာ ရှိစဉ်အခါက ဗိုလ်ချူပ်
ကြီးဟောင်းခင်ညွန့် ရဲ့  အရေးအပေးအခံရဆုံး အခွင့်အရေးအများဆုံး အရဆုံး  အနီးကပ်ဆုံး လုပ်ငန့်းရှင် တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အိမ်တွင် အသေးစား အကြီးစား ပြင်ဆင်မှု့လုပ်ငန်းရှိပါက ACE CONSTRUCTION မှလွဲရ်ျအခြားမည်သည့်အဖွဲ့အစည်းကိုမှ မခိုင်းပါ။ ACE CONSTRUCTION တစ်ခုကိုသာခိုင်းပါတယ်။
ပြည်သူအတွက် ခွပ်တော့မယ် ဟန်ချီ
ခွပ်တော့မယ် ဟန်ချီ ပြည်သူအတွက်
» လေးတန်ချောင်းကိစ္စ ပြည်သူ့လွှတ်တော်မှာ ထည့်သွင်းဆွေးနွေးခဲ့သော်လည်း အခုထိ နောက်ကျိနေဆဲ
By ဇာဏီ၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ၂၀၁၂ ခုနှစ်။
ကချင်ပြည်နယ်မိုးညှင်းရတနာနယ်မြေရှိ  ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေရဲ့ ကျောက်တွင်းများမှ နုန်းရေများကိုလေးတန်ချောင်း အတွင်း စွန့်ပစ်နေတဲ့အတွက် ချောင်းရေ နောက်ကျိလာပြီး ဒေသခံ ပြည်သူတွေ အတွက် သောက်ရေ၊ သုံးရေ အခက်အခဲနှင့် ကြုံတွေ့နေရပါတယ်။
ကချင် ပြည်နယ်ထဲကနေ စတင် စီးဆင်းလာတဲ့ လေးတန်ချောင်းဟာ  ဧရာဝတီ မြစ်ထဲကို စီးဝင်သွားတဲ့ ချောင်း တခုဖြစ်ပြီး အဆိုပါ ချောင်း တလျှောက်မှာရှိတဲ့ ကျေးရွာတွေက သောက်ရေ၊ သုံးရေအတွက် မှီခို အားထား နေရတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၁ရက်နေ့  ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ 'ကျေးရွာများမှအမှီပြုနေသော ချောင်းများတွင် ရွှေသတ္တု ကျောက်မျက် တူးဖော်မှုကြောင့် (၁၂)လ ရာသီပတ်လုံး ရေနောက်ကျိပျက်စီး၍  ကျေးရွာပြည်သူများ ဒုက္ခခံစားနေရသည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးရန်' ဆိုသည့် အဆိုပြု တင်သွင်းလွှာကို အင်းတော်ဒေသ  မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်နိုင်ဌေးက  တင်ပြခဲ့သည်ဟု ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြပါရှိပါသည်။
တင်ပြသည့် အဆိုပါမေးခွန်းအပေါ် သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးသိန်းထိုက်က 'သတ္တုတွင်း ဝန်ကြီးဌာန မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် မိုးညှင်းရတနာ နယ်မြေရှိ လေးတန်ချောင်း တလျှောက်တွင် ကုမ္မဏီ(၅)ခုကို ကျောက်စိမ်း တူးဖော် ထုတ်လုပ်ရန် ခွင့်ပြုမိန့် ထုတ်ပေးထားကြောင်း၊ ကျောက်စိမ်း တူးဖော်ရေး ကုမ္မဏီများ၏ 
ဥရောပ ပါလီမန်မှာ ဒေါ်စု မိန့်ခွန်းပြောဖို့ ဖိတ်ကြားမည်
ဥရောပ ပါလီမန်
ဥရောပ ပါလီမန်တွင် မိန့်ခွန်း မြွက်ကြားပေးရန် အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်ဟု ဥရောပ ပါလီမန် ကိုယ်စားလှယ်များက ပြောသည်။
ဥရောပ ပါလီမန်မှ ချီးမြှင့်သော ၁၉၉၀ Sakharov ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ဗုဒ္ဓဟူးနေ့တွင် ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံစဉ် ပါလီမန်ဥက္ကဋ္ဌ Martin Schulz ၏ ဖိတ်ကြားချက်ကို ကိုယ်စားလှယ်များက သတင်းစကား ပါးမည်ဖြစ်သည်။
ဒေါ်စု ရှမ်းပြည်တောင်ပိုင်း ဟဲဟိုး ၊ ကလော နဲ့ အာင်ပန်းမြို့ တွေကို ပါတီစည်းရုံးရေးခရီးသွားမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ 
လာမယ့် မတ်လ ၁ ရက်နေ့၁.၃.၂၀၁၂ (ကြာသပတေးနေ့ မှာ
ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုး ၊ ကလော နဲ့ အာင်ပန်းမြို့ တွေကို
မဲဆွယ်စည်းရုံးရေးအဖြစ် လေယာဉ်နဲ့ နေ့ ချင်းပြန်ခရီးသွားရောက်မှာ
 ဖြစ်ပါတယ်။
ဒေါ်စု ကိုယ်စားလှယ်လောင်း အတည်ပြုချက် ရပြီ
ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက်  ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံကြောင်း  အတည်ပြုတဲ့ အမည်စာရင်း ဒီကနေ့ ထွက်လာပါပြီ၊
နာကြင်စေတဲ့ကြင်နာခြင်း
ကံခေတာကြောင့်လား                                                                                                                    ရူးသွပ်မှုတစ်ခုတည်းလား                                                                                                                                 ချစ်မိလွန်းတဲ့
အပြစ်လား                                                                                                                                                 မသေချာဘူး၊ မရေရာဘူး                                                                                                                             ဒါပေမယ့်… .                                                                                                                               နာကြင်ခြင်းရဲ့အစတော့
အချစ်ဆိုတာ........
လောကကြီးမှာ လူတိုင်း လူတိုင်း အချစ်ဆိုတာကို အနည်း နဲ့ အများတော့ပတ်သတ်နေကြမှာပါ။ အချစ်ဆိုတာနဲ့ ခပ်ကင်းကင်းနေနိုင်တဲ့သူ ဒီလောကမှာ ရှိလိမ့်မယ်မထင်မိပါဘူး။ ၅၂၈ ဆိုတဲ့မေတ္တာမျိုးနဲ့ ချစ်ခင်တွယ်တာ တတ်ကြသလို ၁၅၀၀ ဆိုတဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ တစ်ဦးတစ်ယောက်ချစ်ဖူးခဲ့ကြမှာ မလွဲဧကန်ပါပဲ...
>မေမေ
>နှလုံးသားထဲမှာ ပြောင်းလဲခြင်းမရှိပါဘူး …မေမေ…..
ငယ်ငယ်ကလိုပဲ ..မေမေ့ကို ….ခင်တွယ်ချစ်နေတုံးပါ ..
ငယ်ငယ်ကဆို …အားအကိုးရဆုံး က….. မေမေလေ …
တစ်ခုခုဖြစ်လိုက်တိုင်း ……ရေရွတ်မိတာ ….မေမေ့ကိုပေါ့
စိတ်ဆင်းရဲစရာတွေ…. ကြုံတိုင်း သတိရတာ……. မေမေ့ကိုပဲလေ
ငယ်ငယ်က အရာရာ …အမေပဲ ….လုပ်ပေးခဲ့ပေမဲ့ …
.သားကြီးလာတော့  … မေမေ့ကို … မမှီဘူးလေ ….
အမေ …
“အမေ”
အမေဆိုတဲ့ စကားလုံးတစ်လုံးကို ကျနော်တို့ စိတ်မှာပဲ. ထင်ထင်.. နှုတ်ကပဲ …ရွတ်ရွတ် အမေ့မျက်နှာက စိတ်မျက်နှာပြင်မှာ ပီပြင်တဲ့ အပြုံးနဲ့ ပေါ်လာစမြဲပါပဲ . ကျနော်တို့ ဘယ်အချိန် ဘယ်ကာလ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အမေဆိုတာ ကျနော်တို့ရင်ခွင်မှာ  ပြောင်းလဲခြင်းမရှိခဲ့ဘူး 
ကြေကွဲခြင်း
အတိတ်ကိုတွေးတိုင်း
ပျော်ရွှင်စရာတွေပဲ..များခဲ့တော့
မင်းနဲ့ပတ်သတ်ပြီး..
ငါ..ငိုကြွေးရမယ်
မထင်ခဲ့မိဘူး….
နင်ပြောတဲ့စကားတွေတိုင်းကို
ယုံကြည်လွန်းတဲ့ငါ..
အရာရာဟာ..အတုအယောင်ဖြစ်ခဲ့မှန်း
မထင်ခဲ့မိဘူး…
ငါ့ကိုဂရုစိုက်လွန်းတဲ့မင်း..
ငါ့ကိုကြင်နာလွန်းတဲ့မင်း..
ငါ့ဘဝရဲ့လက်တွဲဖော်မင်းက
ငါ့နှလုံးသားကို..ဓားနဲ့ထိုးပြီး
ရင်ခုန်သံတွေကို..အသေသတ်မယ့်သူ
ဖြစ်မယ်မှန်း..မထင်ခဲ့မိဘူး…
ချစ်ခဲ့သမျှ..အတိတ်တွေက
အိမ်မက်လို..
ရုတ်တရက်လန့်နိုးခဲ့တော့
အပြင်လောကမှာ..
အချစ်ကိုယုံလွန်းတဲ့..လူတစ်ယောက်
နှလုံးသားမှာ..ဓားစိုက်လျှက်နဲ့
ရူးပြီးလမ်းလျှောက်နေတယ်..
မင်းရဲ့မုသားတွေကြောင့်ပေါ့………
ဒေါ်စုကို ကန့်ကွက်မှု တိုင်းကော်မရှင် အပြီးပြတ်ပယ်ချ
 ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမှု ကန့်ကွက်လွှာကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချလိုက်ပြီး တချိန်တည်းတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုလိုက်ပြီဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။
ကျိုက်ထီးရိုးဘုရားအနီးတောမီးရက်ဆက်လောင်ကျွမ်းမှုကြောင့် ဒေသခံများ စိုးရိမ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
နှစ်စဉ် ဘုရားဖူးပြည်သူများ အများဆုံး လာရောက်လည်ပတ်လေ့ ရှိသော ကျိုက်ထီးရိုးဘုရား
ဒေါ်အောင်ဆန်းစုကြည့်ကို မကြိုဖို့၊ မကြည့်ဖို့ မြန်မာ့အသံ ညွှန်ကြားရေးမှူးချုပ်ဦးသိန်းအောင် အမိန့်ထုတ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း ပါတီစည်းရုံးရေးခရီးစဉ်က 
ပြောကြားမယ့် မိန့် ခွန်းကို အသံသွင်းယူဖို့ ရှိကြောင်းသိရပါတယ်။ 
ရွှေတူးဖော်မှုလုပ်ငန်းကြောင့် ချောင်းကြီးရွာ ရေလွှမ်းမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး ၊သပိတ်ကျင်းမြို့ နယ် ၊ချောင်းကြီးရွာရှိ ချောင်းကြီးချောင်းအနီးတွင်‘ရွှေမေမေကုမ္ပဏီ’မှရွှေတူးဖော်မှုလုပ်ငန်းကြောင့် 
တိုင်ရီ စက်ရုံ အလုပ်သမား သမဂ္ဂ ဖွဲ့  
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၃ ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများက ယနေ့တွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းလိုက်သည်။
အလုပ်သမား အခွင့်အရေးကိုကိုယ်တိုင်ကာကွယ် စောင့်ရှောက်နိုင်ရန်၊ အလုပ်သမားများ သက်သာချောင်ချိရေးနှင့် တိုးတက် ကောင်းမွန်လာရန်၊ အလုပ်သမားများ ချစ်ခင်စည်းရုံး၍ စုစည်းခိုင်မာသည့်အခြေအနေ ပေါ်ပေါက်လာရန်များအတွက် အလုပ်သမား သမဂ္ဂ(တိုင်ရီ ဖိနပ်စက်ရုံ)ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရသည့် ဆန္ဒပြနေသော တိုင်ရီ 
ဒေါ်စု မသွားရောက်နိုင်သည့်ဒေသများ အနုပညာရှင်များ သွား၍ ရွေးကောက်ပွဲ ပညာပေးလုပ်ငန်း များ ဆောင်ရွက်မည်
NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် စည်းရုံးရေး မသွားရောက်နိုင်သည့်
ဒေသများသို့ အနုပညာ ရှင်များမှ ကိုယ်စားသွားရောက်၍ ရွေးကောက်ပွဲ ပညာပေးလုပ်ငန်း
များ ဆောင်ရွက်မည်ဟု ပါဝင်မည့် အနုပညာရှင်များထံမှ သိရသည်။