Friday, March 16, 2012

ဆူးခင်းထားတဲ့ လမ်းသွယ်
 
ချစ်ရသူရဲ့ အိမ်ပြန်ချိန်
တဖြေးဖြေး တိုးလို့နီးကပ်
လွမ်းဒဏ်ရာသင့် နှလုံးသားလည်း
နှိုးကြားလို့ ဖျတ်လတ်
ပျော်ရွှင်ပြီး ၀မ်းနည်းတယ် ....

သူမရဲ့ အပြုံးအေးအေးတွေနဲ့
ကြည်နူးစွာ ရိုက်ခတ်လာမယ့်
ချစ်စကား သံစဉ်ချိုတွေအတွက်
နှလုံးသား ကောင်းကင်မှာ
သာယာနေပေမယ့်
ဆူးခင်းတဲ့ ကို့ ဘ၀ထဲ
မလာချင်ပါနဲ့ ... ချစ်သူရယ် ... ။

No comments:

Post a Comment