Friday, March 16, 2012

သက်မဲ့တေးသွား
 
မထင်မှတ်ထားခဲ့ပါဘူး
အနီးမှာ ရှိနေမယ်လို့ တွေးထင်ခဲ့တာပါ
စကားတစ်ပြောပြောနဲ့
ငါ့မြင်ကွင်းရှေ့မှာ မရှိတော့ဝူး
အမည်မတပ်ထားတဲ့ ခံစားမှုတွေက လုံးထွေးလို့
ငါ့ကို ငါ..
ထုချေလွှာတင်ချင်မိတယ်
နင့်ကို
စိတ်ဝင်စားနေမိလေရဲ့
ဘာအတွက်ကြောင့်လဲလို့တော့
ကင်ပွန်းမတပ်ချင်ဘူး
ငါ့ရင်မှာ နင့်ကြောင့်ရှုပ်ထွေးသွားတယ်
ငါ့ရင်ထဲဝင်လာတာကိုး...
မပြောဖြစ်ခဲ့တဲ့ အချိန်တွေမှာ တောင်
ငါ စောင့်မျှော်မိနေတယ်
မချိန်းထားပဲနဲ့လည်း စောင့်မိနေတယ်လေ
ဒါပေမယ့်
နင်မရှိဘူးသိလိုက်ရတဲ့အခါ
ငါဝမ်းနည်းသွားတယ်
ဘာကြောင့်လဲ.......
ပြောပြပါလား
နင်စွမ်းဆောင်ထားခဲ့တာလား
အဝေးတစ်နေရာကနေပေါ့.....
ငါလေ
လောဘများကြီးနေသလား
နင့်ကို ပြန်လာစေချင်တယ်.....။

No comments:

Post a Comment