Friday, March 16, 2012

သံယောဇဉ်
 
ကောင်မလေးရယ် ...
ရာသီပေါင်းများစွာ
အဖော်မဲ့ကာ အထီးကျန်ရင်း
ကြင်နာသူရဲ့ ပြန်လာချိန်စောင့်ဆိုင်း
အုံ့မှိုင်းတဲ့ မိုးသားတွေအောက်
တမြေ့မြေ့ လွမ်းမောနေရသူပါ ...

တိမ်အိုတွေကြား မင်းရနံ့တွေ
ညင်သာစွာ ရှူရှိုက်မိချိန်က
ခုန်နေတဲ့ နှလုံးသားတစ်ခြမ်း
တဖြေးဖြေး ပဲ့ကြွေလိမ့်မယ်ဆိုတာ
ကြိုမသိခဲ့တဲ့ အသည်းကွဲ ဇာတ်လမ်းအစပေါ့ ...

လေပြေလာလို့ ရောင်ခြည်သန်းချိန်တော့
ဖြူစင်သန့်ရှင်းတဲ့ အချစ်တွေနဲ့အတူ
ခိုင်မြဲခြင်း သံယောဇဉ်ကြိုးတွေ
ကျေးဇူးပြု၍ ချဉ်နှောင်ခွင့်ပြုပါ ..... ။

No comments:

Post a Comment