Friday, March 16, 2012

ချစ်ခြင်း အိပ်မက်မိုး ...
 
ကောင်မလေးရယ် ...
ကောင်းကင်ရဲ့ အလင်းတွေ
ရင်ဘတ်ထဲထိ ထိုးသွင်းပြီး
လမ်းခွဲ စကားဆို
ကျောခိုင်းထားခဲ့လို့
ကြေကွဲနေတဲ့ နှလုံးသားနဲ့
ဘ၀တွေ တစ်ခုပြီးတစ်ခုဆက်
တိမ်ပြာတွေလို အရောင်ပြောင်းရင်းပေါ့ ...

မှောင်မိုက်တဲ့ လရိပ်အောက်
အသည်းကွဲသူတစ်ယောက်ရဲ့
အက်ကြောင်းထပ် ရင်ခုန်သံကို
ကျေးဇူးပြု၍ နားဆင်ပါ ...

အထင်လွဲခဲ့တဲ့ အမှန်တရားတွေပွေ့ပိုက်
ဟိုး ... အဝေးထွက်သွားတဲ့
ချန်ထားသူကို မျှော်လင့်ရင်းရူးသွပ်လို့
အပြစ်မဲ့ နှလုံးသားပိုင်ရှင်အတွက်
ချစ်ခြင်းအိပ်မက်တွေ ရွာသွန်းပေးပါကွယ် ... ။

No comments:

Post a Comment