Thursday, March 15, 2012

အင်းစိန်၌ အရွယ် မရောက်သေးသော မယားပါ သမီးကို အဓမ္မ ကျင့်မှုဖြင့် ပထွေး ဖြစ်သူအား အမှုဖွင့်ထား


(ရန်ကုန်၊ မတ် ၁ဝ )
အင်းစိန် မြို့နယ်၊ ကမ်းနား အနောက် ရပ်ကွက်၌ နေထိုင်သူ အသက် ၃၄ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးက ၄င်း၏ မယားဘက်မှ ပါလာသော အသက် ၁၄ နှစ် အရွယ် ရှိ မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှု တစ်ရပ် 
 
အင်းစိန်၌ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း က အင်းစိန်မြို့နယ်၊ ကမ်းနား အနောက်ရပ်ကွက်၊ ချမ်းမြေ့ သာယာလမ်းတွင် နေထိုင် သူ ဒေါ်…..သည် ဈေးရောင်း ရာ မှ နေအိမ်သို့ ပြန်လာစဉ် အသက် ၁၄ နှစ် အရွယ်ရှိ ၄င်း၏ သမီးဖြစ် သူ မ …. မှာ ငိုယိုလျက် ရှိနေသည်ကို တွေ့ရသည့် အတွက် အကျိုးအကြောင်း မေးမြန်းရာ မ…က ၄င်းသည် မိခင်ဖြစ်သူ ဈေးသွားရောင်းနေခိုက် နေအိမ် အတွင်း အိပ်ပျော်နေခဲ့ကြောင်း၊ ထိုသို့ အိပ်ပျော်နေစဉ် ပထွေးတော်သူ ထွန်းထွန်းနိုင်က ၄င်းအား သား မယား အဖြစ် အဓမ္မ တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ မိခင်ဖြစ်သူနှင့် ၄င်း၏ ပထွေး ဖြစ်သူတို့ အိမ်ထောင်ကျပြီး နောက်လွန်ခဲ့သော သုံးနှစ်ခန့် အချိန်မှစ၍ ၄င်း အား လေး ငါးကြိမ် ခန့် သားမယား အဖြစ် ပြုကျင့်ခဲ့ဖူးကြောင်း၊ ၄င်းမှ မိခင်ဖြစ်သူအား ပထွေးဖြစ်သူ၏ အဓမ္မပြုကျင့်မှုကို ပြောပြရန် ကြိုးစားခဲ့သော်လည်း ပထွေး ဖြစ်သူမှ ထိုကိစ္စ အား အခြား သူများသို့ ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည့် အတွက် ၄င်း မှာ မပြောရဲ ခဲ့ကြောင်း ယခုမှသာ အိမ်တွင် ပထွေး မရှိခိုက် မိခင်ဖြစ်သူ အား ပြောကြားခြင်း ဖြစ်ကြောင်း  သိရသည်။

ဆက်လက်၍ ဒေါ်….မှာ ၄င်း၏ ခင်ပွန်းဖြစ်သူအား မ..နှင့် ပတ်သက်သော ကိစ္စအား မတ်လ ၆ ရက်နေ့တွင် မေးမြန်းခဲ့ရာ ၄င်းက ဟုတ်မှန်ကြောင်း ပြောသည့် အတွက် သမီးဖြစ်သူအား သား မယားအဖြစ် ပြုကျင့်သူအား အရေး ယူပေးရန် အင်းစိန် ရဲစခန်းသို့ တိုင် ကြားခဲ့သည့် အတွက် အင်းစိန် ရဲစခန်းမှ ထွန်းထွန်းနိုင် အား (ပ) ၃၆၅/၁၂ ပုဒ်မ (၃၇၆) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် များအရ ယခု နှစ် မတ်လ ၈ ရက်နေ့ အထိ ရန် ကုန်တိုင်း ဒေသကြီး အတွင်း၌ အရွယ် မရောက်သေးသော မိန်း ကလေးငယ် များအား အဓမ္မပြုကျင့် ရန် ကြံစည်အားထုတ်မှု (၃) မှုနှင့် အဓမ္မ ပြုကျင့်မှု (၂) မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment