Thursday, March 15, 2012

တိုင်းပြည် ပြောင်းလဲတိုးတက်ရေး အတွက် မဲတစ်ပြားအရေးကြီးကြောင်း ချစ်သုဝေ ပညာပေးမည်
တိုင်းပြည်၏ အပြောင်းအလဲ တိုးတက်မှုအရာအားလုံး အတွက် ပြည်သူတစ်ဦးချင်းစီ၏ မဲတစ်မဲက အရေးကြီးကြောင်း ရွေးကောက်ပွဲ ပညာပေးခရီးတွင် လိုက်ပါမည့် ချစ်သုဝေက ပြောသည်။  


စတိတ်ရှိုးတွေဆက်တိုက် သီဆိုဖို့ရှိတဲ့ ၄င်းအနေဖြင့်မတ်လ ၁၁ ရက်တွင် မြို့လေးမြို့ကို ပညာပေး အနေနဲ့သွားမှာဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်လည်းပါဝင်သလို ပြဇာတ်ပါ ကမည်ဖြစ်ကြောင်း သိရသည်။ ”အစ်မတို့ မြန်မာနိုင်ငံမှာနေတဲ့ လူတွေအားလုံးက မြို့နေလူတန်း စားထက် ကျေးရွာမှာနေတဲ့လူက များတယ်။ မြို့မှာနေတဲ့ အစ်မတို့တောင် သိပ်မသိကြဘူး။ တကယ့်ရွေးကောက်ပွဲရဲ့ အနှစ်သာရကို မသိကြတာ များတယ်။ ဗဟုသုတမှာ တအား အားနည်းကြတယ်။ အဲဒီအတွက် ပညာပေးဖို့လိုအပ်တယ်။ ပြည်သူတွေအတွက် အရေးကြီးတဲ့နေ့၊ ပြည်သူတွေနိုင်တဲ့နေ့၊ ကိုယ်ဘယ်သူ့ကို ထောက်ခံချင်ချင်၊ ကိုယ့်ဆန္ဒအမှန်တွေကို   ထောက်ခံတာပဲဖြစ်သင့်တယ်”ဟု ၄င်းက ပြောသည်။ ၄င်းအနေဖြင့် ပညာပေး အစီအစဉ်ဆိုပါက ကျန်းမာရေးနှင့် သက်ဆိုင်ပါကလည်း သွားမည်ဖြစ်ပြီး   နိုင်ငံမှာ ပညာတတ်မှ၊ အသိ တရားရှိမှဦးဆောင်နိုင်မှာဖြစ်ကြောင်း၊ ယခု ဦးဆောင်နိုင်သည့် ဖွံ့ဖြိုးပြီး နိုင်ငံများအားလုံးမှာ ပညာနှင့်ဦးဆောင်ပြီး နှစ်အနည်းငယ်အတွင်း တိုးတက် သွားကြခြင်းဖြစ်သည့် အတွက် ကိုယ့်နိုင်ငံက မသိသေးသော လူများကို ကိုယ်တတ်သလောက် ပညာတွေဖြန့်ဝေရန် လိုအပ် ကြောင်း ၄င်းကဆိုသည်။ အဆိုပါ အနုပညာရှင် များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် မသွားရေက်နိုင်သော ဒေသများသို့ ရွေးကောက်ပွဲ ပညာပေးဖျော် ဖြေရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်တွင် ပြင်ဦးလွင်၊ ၁၂ ရက်တွင် စစ်ကိုင်း၊ ၁၃ ရက်တွင် ပုလဲနှင့် ၁၄ ရက်နေ့တွင် ပခုက္ကူ မြို့များတွင် ဖျော်ဖြေမည်ဟု သိရသည်။
 ခိုင်ဝေလွင် (ပေါ်ပြူလာ)

No comments:

Post a Comment