Saturday, March 3, 2012

ဒေါ်အောင်ဆန်းစုကြည်မှာ နေမကောင်းသောကြောင့် ခေတ္တအနားယူနေ
အောင်ပင်လယ်ကွင်းမှာ ယခုမြင်ကွင်းပါ (ဓါတ်ပုံ-The Voice)
ဓါတ်ပုံ - Reuters
ဒေါ်အောင်ဆန်းစုကြည်မှာ နေမကောင်းသောကြောင့် ခေတ္တအနားယူနေကာ ဦးဝင်းတင်က ဟောပြောနေကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောင်ပင်လယ်ကွင်းစင်မြင့်ထက်တွင
် " ဒီလောက်များတဲ့ပရိသတ်ကို ၁၉၈၈နောက်ပိုင်းတစ်ခါမှ မမြင်ဖူးဘူး။ ရာသီဥတုအေးအေးထဲမှာ မန္တလေးသားတွေက နွေးနွေးထွေးထွေးကြိုဆိုကြတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု မန္တလေးမြို့ခံများကို ယခုပြောကြားသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ၀င်ရောက်ယှဉ်ပြိုင်ရသည့်အကြောင်းအရင်း၊ တရားဥပဒေစိုးမိုးရေးအကြောင်း၊ မန္တလေးသည် နိုင်ငံရေးအတွက် အရေးကြီးသော မြို့ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ကြီးတံခွန်မြို့နယ် သိပ္ပံလမ်းနှင့် ၅၆လမ်းပေါ်တွင် ရောက်ရှိနေပြီး လမ်းနှစ်ဖက်ပြည့်ကျပ်သည်အထိ မန္တလေးမြို့ခံများ၏ လာရောက်ကြိုဆိုကြမှုကြောင့် အောင်ပင်လယ်ကွင်းသို့ မူလစီစဉ်ထားသည့် အချိန်ထက် နောက်ကျပြီးမှသာ လာရောက်နိုင်မည်ဖြစ်ကြောင်း၊ ပွဲစီစဉ်သူများထံမှ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အောင်ပင်လယ်ကွင်းတွင် ဟောပြောပြီးပါက မန္တလေးတောင်ခြေရှိ နိုဗိုတယ်ဟိုတယ်တွင် အနားယူမည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်ကိုင်းနှင့် တံတားဦးသို့ သွားရောက်မည်ဖြစ်သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဖွဲ့စည်းလိုက်သော မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်၏မန္တလေးနိုင်ငံရေးစည်းရုံးရေးခရီးစဉ်တွင် ဆိုင်းဘုတ်များကိုင်ဆောင်ကာ လိုက်ပါနေကြကြောင်း သတင်းထောက်က သတင်းပေးပို့သည်။ကျောင်းသားအင်အား ၁၀၀ နီးပါးပါကြောင်း သိရသည်။


 ဒေါ်အောင်ဆန်းစုကြည် အောင်ပင်လယ်ကွင်းအတွင်းသို့ ၀င်ရောက်နေစဉ် မိုးများ ရွာသွန်းနေပြီး စတင်ရွာသွန်းစဉ်ထက် မိုးရွာသွန်းမှု လျော့နည်းသွားကြောင်း၊ ယခုကဲ့သို့ ရုတ်တရက်မိုးရွာသွန်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် အောင်ပင်လယ်အတွင်းမှ ဟောပြောပွဲစင်မြင့်ကို ...... လုပ်ထားကြောင်း The Voice Weekly သတင်းထောက်များက သတင်းပေးပို့သည်။ ယခုအခါ အောင်ပင်လယ်ကွင်းအပြည့် မန္တလေးမြို့ခံများ ရောက်ရှိနေသည့်အပြင် ကွင်းအပြင်လမ်းတွင်ပါ လူများလျှံကျနေကြောင်း၊ နောက်ဆုံးရရှိသော သတင်းများအရ ယနေ့မွန်းလွဲ ၁ နာရီခွဲတိတိတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစတင်ပြောကြားနေပြီး တာလပတ်များ မိုးထားပေးကြောင်း၊ ကွင်းအတွင်း ပရိုဂျက်များလည်း ထောင်ထားပေးကြောင်း သတင်းပေးပို့သည်။

No comments:

Post a Comment