Saturday, March 3, 2012

အောင်ပင်လယ်လူထုဟောပြောပွဲ ကောက်နှုတ်ချက်
ဒေါ်အောင်ဆန်းစုကြည်သည် ငါးမိနစ်ခန့် အနားယူပြီးနောက် ယခုအခါ အောင်ပင်လယ်ကွင်းစင်မြင့်ထက်တွင်
 
 ပြန်လည်ဟောပြောနေပြီဖြစ်ကြောင်း သတင်းရသည်။
 ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရှိပါက မန္တလေးမြို့သို့ နောက်တစ်ခေါက်ပြန်လာပြီး ကျေးဇူးဆပ်မည်ဖြစ်ကြောင်း စကားနှင့်အဆုံးသတ်ပြီး ဟောပြောပွဲကို ရုတ်သိမ်းခဲ့ကြောင်း မန္တလေးမြို့ခံ The Voice Weekly သတင်းထောက်က ပြောကြားသည်။
 ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားပြိးသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းနည်းနည်းမူးလာတယ်ဆိုပြီး ခဏအနားယူတဲ့အချိန်မှာ ဦးဝင်းတင်က ပြည်သူလူထုကို မိန့်ခွန်း အနည်းအငယ်ပြောပါတယ်။ ဦးဝင်းတင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြီး မိန့်ခွန်းနည်းနည်းထပ်ပြောပါတယ်။ ပြီးတော့ ဟောပြောပွဲကို ၂ နာရီမှာရပ်နားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲမှာ....“ ပြည်သူလူထုကလည်း“ရှယ်ပဲ”၊ ရာသီဥတုကလည်း“ ရှယ်ပဲ” လို့မှတ်ချက်ပေးပြောကြားသွားပါတယ်။The Express Times

No comments:

Post a Comment